International News

ကမ္ဘာ့ကုန်သွယ်မှု မှေးမှိန်နေသော်လည်း တရုတ် - အာဆီယံ ကုန်သွယ်မှု အရှိန်ရလျှက်ရှိ

Last Updated:

တရုတ်နှင့် အာဆီယံတို့သည် ၂၀၂၀ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အကြီးမားဆုံး ကုန်သွယ်မိတ်ဖက်များဖြစ်လာကြပြီး နှစ်ဘက်ကုန်သွယ်ရေးမြင့်တက်မှု့ () ရာခိုင်နှုန်းနီးပါးရှိခဲ့ရာ ဆိုးရွားစွာမှေးမှိန်လျှက်ရှိသည့် ကမ္ဘာကုန်သွယ်ရေးကို စိန်ခေါ်ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်းတစ်ရပ်တွင် ဖေါ်ပြထားပါ သည်။  

တရုတ်- ဗီယက်နမ်နှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံ ဖျင်ရှှန့် Pingxiang ရှိ ကုန်စည်ပို့ဆောင်ရေးစင်တာတွင် ရာနှင့်ချီသော ကုန်တင်ကားများသည်  အကောက်ခွန်ရှင်းလင်းရေးအတွက် တန်းစီစောင့်ဆိုင်းနေလျှက်ရှိပါကြောင်း၊ ယင်းသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့အကြား မဖြစ်မနေ ကုန်သွယ်မှုဆောင်ရွက် နေပုံကို  မြင်တွေ့နိုင်ပါကြောင်း၊ ဖျင်ရှှန့်အမျိုးသားရှေ့ပြေး ဇုန်အုပ်ချုပ်ရေးကော်မတီအကြီးအကဲ နုန်းချောင်ယုံ Nong Chaoyong က နွေဦးရာသီမတိုင်မီကပင် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုသည် အဆမတန်ထမ်းဆောင်နေရကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများမှ ကုန်ပစ္စည်းများ အကောက်ခွန်စစ်ဆေးရေးဂိတ်များ ဖြတ်ကျော်ပြီးသည်နှင့် မကြာမီတွင် ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများ၏ ကုန်စည်အရောင်းစင်များပေါ်သို့ရောက်ရှိလာကာ တရုတ်-အာဆီယံ ကုန်သွယ်မှု အရှိန်အဟုန်ကိုပိုမိုတိုးပွားစေမည်ဖြစ်ပါကြောင်း အရှိန်ရလျှက်ရှိသည့် တရုတ်-အာဆီယံ နယ်စပ်တစ်ခု၏အခြေအနေကို မြင်သာမှုရှိစေရန် ရေးသားဖေါ်ပြထားပါ သည်။

ကူးလူးဆက်နွယ်မှု Connectivity အနေဖြင့်  အခြေခံအဆောက်အအုံများ အပြန်အလှန် ချိတ်ဆက်နိုင်မှုရှိခြင်းက အဓိကကျပါကြောင်း တရုတ်တောင်ပိုင်း ကွမ်ရှှီး ကျွမ့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဖျင်ရှှန့် Pingxiang သည် အရှေ့တောင်အာရှနိုင်ငံများအတွက် တံခါးပေါက်တစ်ခု ဖြစ်ပါကြောင်း၊ တရုတ်နှင့် ဗီယက်နမ်တို့၏ မီးရထားလမ်းကို ဆက်သွယ်ပေးသည့် ဖျင်ရှှန့်မီးရထားဘူတာတွင် ကုန်တင်ရထားများ ဉဒဟိုတိုးဝင်ခုတ်မောင်းသွားလာနေသည်ကိုလည်း အမြဲလို တွေ့မြင်နိုင်ပါကြောင်း၊ ၂၀၁၇ ခုနှစ် စတင်ပြေးဆွဲစဉ်မှ တရုတ်နိုင်ငံမှ ဒီဇယ်အင်ဂျင်၊ ဖန်၊ ဝါချည်နှင့်အခြားကုန်ပစ္စည်းများကို ဗီယက်နမ်နိုင်ငံမှတဆင့် အခြား အာဆီယံနိုင်ငံများသို့ သယ်ယူပို့ဆောင်ပြီး၊ အာဆီယံနိုင်ငံများမှ သစ်သီးဝလံအပါအဝင် နေ့စဉ်သုံး ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ပေးလျှက်ရှိပါကြောင်း၊  တရုတ်နိုင်ငံတွင်းသို့ တင်သွင်းသောသစ်သီးများ၏ ထက်ဝက်နီးပါးခန့်ကို ဖျင်ရှှန့်မှ တင်သွင်းလျှက်ရှိရာ သစ်သီးဝလံကုန်သွယ်ရေးအတွက် အဓိကကျပါကြောင်း၊ ပထမဆုံးတရုတ်-ဗီယက်နမ် သစ်သီးများ သယ်ယူပို့ဆောင်ရေးရထားကို (၂၅--၂၀၂၀) တွင်စတင်ခဲ့ပါကြောင်း၊ ၎င်းသည် ဖျင်ရှှန့်နှင့် ဗီယက်နမ် နိုင်ငံမြောက်ပိုင်းရှိ တုန်တန်း Dong Dang တို့အကြား သစ်သီးသယ်ယူပို့ဆောင်ရေးကို ပိုမိုလွယ်ကူစေပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ရထား အရေအတွက် ၂၅၁ အထိ မြင့်တက်ခဲ့ပြီး၊ သစ်သီး ပို့ဆောင်ရေးရထား ၆၈ အထိ မြင့်တက်ခဲ့သည်ဟု ဖျင်ရှှန့်ရထား ဘူတာရုံမှ တာဝန်ရှိသူကဆိုပါသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်နှင့် ဗီယက်နမ်အကြား နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု ၁၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဗီယက်နမ်သို့တင်ပို့မှုမှာ ၁၆.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ တင်သွင်းမှုမှာ ၂၂.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ တရုတ်နှင့်အာဆီယံ၏ ပထဝီအနေအထား နီးကပ်မှုသည်  တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအား ကုန်သွယ်ရေးသဘာဝအခွင့်အလမ်းများ ပေးလျှက်ရှိနေရာ အခြေခံအဆောက်အအုံချိတ်ဆက်မှု ပိုမိုကောင်းမွန်ခြင်းက ထောက်ပံ့ပို့ ဆောင်ရေး၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ခြင်းဖြစ်ပါကြောင်း၊ ယင်းမှတဆင့် သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ကျစေခြင်းနှင့် ဒေသတွင်းပေါင်းစည်းမှုများ ကို တိုးမြှင့်ခြင်းဖြစ်ပေါ်စေပါကြောင်း အမျိုးသားမဟာဗျူဟာဆိုင်ရာ အမျိုးသားအင်စတီကျုရှိ တရုတ်လူမှုသိပ္ပံအကယ်ဒမီမှသုတေသီ  ချောင်ရှောင်ရန် Cao Xiaoyang ကဆိုပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံကို ဆက်သွယ်သော ကူမင်း- ဗီယင်ကျန်းမီးရထားသည် ယခုနှစ်အကုန်တွင် စတင်ပြေးဆွဲရန် ရက်သတ်မှတ်ထားပြီး၊  မြို့ကြီးနှစ်မြို့အကြား တစ်ရက်အတွင်း သွားရောက်နိုင်မည်ဖြစ်ပါကြောင်း၊ အခြားအဓိကစီမံကိန်းများဖြစ်သည့် တရုတ်-ထိုင်းမီးရထား၊ ဂျာကာတာ- ဘန်ဂဒါ အင်ဒိုနီးရှားမြန်နှုန်းမြင့်ရထားလမ်းနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းများသည်လည်းရှေ့သို့ ဦးတည်နေကြောင်းသိရှိရပါသည်။

ပေါင်းစည်းခြင်း Integration နှင့်စပ်လျဉ်း၍ COVID-19 သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် နယ်စပ်ဖွင့်လှစ်စေရေးတိုးတက်မှုအား ဆယ်စုနှစ်များစွာ နောက်ကြောင်းပြန်စေရန် ခြိမ်းခြောက်လျှက်ရှိရာ တရုတ်နှင့် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်မှုနှင့်ပေါင်းစည်းမှု တိုးမြှင့်ရန်အသင့်ရှိနေပြီး၊ ဒေသတွင်းရှိ စီးပွားရေးမျာ; ပြန်လည်ထူထောင်နိုင်ရေး အကူအညီရစေရန်ဖြစ်ပါကြောင်း၊  ၂၀၁၀ ခုနှစ်၊ တရုတ် - အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် China-ASEAN Free Trade Agreement (CAFTA) အကောင်အထည်ဖော်ပြီးချိန်မှစတင်၍ နှစ်ဘက်စလုံးတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ကုန်သွယ်မှုသည် စက်မှုနှင့် တန်ဖိုးကွင်းဆက်များကို ပေါင်းစည်းခြင်းဖြင့် လျင်မြန်စွာကြီးထွား လာခဲ့ပါကြောင်း၊ ထုတ်ကုန် ၇၀၀၀ အပေါ်တွင် အခွန်ကောက်ခံမှုကို CAFTA မူဘောင်အောက်တွင် ဖျက်သိမ်းခဲ့ပါကြောင်း၊ တရုတ်- အာဆီယံ ကုန်သွယ်မှု၏ရှယ်ယာသည် ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၁၄.၇ ရာခိုင်နှုန်းခန့် ရှိပြီး ၂၀၁၉ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း တရုတ်အကောက်ခွန်အထွေထွေ အကောက်ခွန်၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အကျိုး သက်ရောက်ခဲ့သော CAFTA ၏ အဆင့်မြှင့်ထားသည့် protocol အရ အာဆီယံ အဖွဲ့ဝင်များနှင့် လယ်ယာထွက်ကုန်ကုန်သွယ်မှု တိုးမြှင့်ခြင်းဖြင့် တိုးချဲ့ခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြည့်ပေးခဲ့ပါကြောင်း၊  ယင်းပရိုတိုကောသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေခဲ့ပြီး၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership -RCEP သည်  ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ပိုမိုအားကောင်း စေလိမ့်မည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်သည့် သုတေသီတစ်ဉီးကဆိုပါသည်။  RCEP သည် အာရှပစိဖိတ်နိုင်ငံ (၁၅) နိုင်ငံအား စုစည်းထားခြင်းဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်းနီးပါးအား အတူတကွစုစည်းထား၍ ကမ္ဘာ့စုစုပေါင်းပြည်တွင်း ထုတ်ကုန် (GDP) ၏ ၃၀ ရာခိုင်နှုန်းလွှမ်းခြုံထားပါကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုံစည်းမျဉ်းများချမှတ်ခြင်းအားဖြင့် RCEP သည် စီးပွားရေးလုပ်ငန်းများအား supply chains တွင် ကုန်ပစ္စည်းပေးသွင်းခြင်းဆိုင်ရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ပါကြောင်း၊ တရုတ်နှင့် အာဆီယံတို့၏ 5G၊ ညဏ်ရည် တု ထောက်လှမ်းရေး၊ အီးကောမတ်စ်နှင့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် တိုးချဲ့ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုမြှင့်တင်လိမ့်မည်ဖြစ်ပါကြောင်း ဖေါ်ပြထားပါသည်။

ထိုင်းနိုင်ငံ၊ ရက်ချပူရီပြည်နယ်ရှိ NC Coconut ကုမ္ပဏီ၏ ဥက္ကဌက  ယင်းသည်ပြီးခဲ့သည့် မတ်လအတွင်း COVID-19 ထိတ်လန့်ပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေး လှုပ်ရှားမှု ပြန်လည်စတင်ပြီးချိန်မှစတင်၍ နေ့စဉ်နေ့တိုင်းအုန်းသီး ၁၀၀,၀၀၀ နီးပါးထုတ်လုပ်ပြီး၊ ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါကြောင်း၊  COVID-19 ဖြစ်ပွားခဲ့သည့်တိုင် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် အလွန်ကောင်းမွန်ခဲ့ပါကြောင်း၊ တရုတ်၏ အလျင်အမြန်တိုးတက်နေသော e-commerce ဈေးကွက်သို့ ထိုးဖောက်ရာတွင် Hema Fresh ကဲ့သို့သောအွန်လိုင်း လက်လီရောင်းချသူများနှင့် ပူးပေါင်းခဲ့ရာ  COVID-19 ပိတ်ဆို့မှုကြောင့် အွန်လိုင်းစျေးဝယ်ခြင်းသို့  တရုတ်သုံးစွဲ သူများ ပိုမိုအာရုံစိုက်လာခြင်းနှင့်အတူ ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများ အရောင်းတိုးမြှင့်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် ကြီးမားသောအလားအလာနှင့် အလွန်ကျယ် ပြန့်သော စျေးကွက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ စျေးကွက်ဖွင့်လှစ်မှုသည် ယင်း၏ကုမ္ပဏီနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ပိုမိုအခွင့်အလမ်းများပေးပါကြောင်း ယခုနှစ်တရုတ်ဈေးကွက်သို့ထုတ်ကုန်အမျိုးမျိုးတင်ပို့ရန် စီစဉ်နေကြောင်း ဖေါ်ပြထားပါသည်။

ဝေရီလင်း (မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် http://english.yunnan.cn/html/2021/consulgeneral_0129/22798.html

Category: International News