International News

ဂျပန်ဘဏ်များနှင့် ငွေသားမဲ့ ပေးချေသည့်ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီများပူးပေါင်း၍ အနာဂတ်တွင် 'digital yen' ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြ

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဂျပန်နိုင်ငံရှိ အထင်ကရဘဏ်ကြီး ၃ ခုသည် ငွေသားမဲ့ပေးချေသည့် ဝန်ဆောင်မှု လုပ် ငန်းဆောင်ရွက်သူများနှင့်အတူ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့ကို ထူထောင်ပြီး ငွေရေးကြေး ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် "digital yen" အမည်ရအစီအစဉ်ကို မိတ်ဆက်အသုံးပြုနိုင်ရေး အကောင်အထည် ဖော်ရန် ပြင်ဆင်နေကြပါသည်။

Railway operator များက ထုတ်ပေးထားသည့် IC card များနှင့် smartphone application များအသုံးပြုသည့် ငွေသားမဲ့ပေးချေမှုအစီအစဉ်များကို ဂျပန်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြချိန်တွင် သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမည့် ဝန်ဆောင်မှုများပံ့ပိုးရန် မျှော်မှန်း၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်များက ၎င်းတို့၏ အစီအမံများကို ချဲ့ထွင်ရန် ကြိုးပမ်းလာကြခြင်းဖြစ်ပါသည်။

အဆိုပါ "digital yen" ကို လွယ်ကူချောမွေ့စွာ မိတ်ဆက်အသုံးပြုနိုင်စေရေးအတွက် ဂျပန်ဗဟိုဘဏ်သည် ဥရောပ ဗဟိုဘဏ်နှင့် အခြားသောဗဟိုဘဏ်များနှင့်ညှိနှိုင်းကာ ဖြစ်နိုင်ချေရှိမှု ဆန်းစစ်ချက်များကို ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း ဗဟိုဘဏ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုပါသည်။  

"Digital yen" အသုံးပြုရေး ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့တွင် Mitsubishi UFJ Financial Group Inc., Mizuho Financial Group Inc., နှင့် Sumitomo Mitsui Financial Group Inc., စသည့် အထင်ကရ ငွေရေးကြေးရေး လုပ်ငန်းအုပ်စုကြီး ၃ စု နှင့်အတူ East Japan Railway Co., the issuer of the Suica IC passenger card နှင့် mobile phone service operator KDDI Corporation တို့ ပူးပေါင်းပါဝင်ကြပါသည်။

ဂျပန်ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းအေဂျင်စီနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့က အဆိုပါ လုပ်ငန်းအစီအစဉ်အပေါ် လေ့လာသုံးသပ်အကဲဖြတ်သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး လုပ်ငန်း၏ အဆိုပြုပုံစံကို လာမည့်ဆောင်းဦးရာသီတွင် အစိုးရနှင့် ဂျပန်ဗဟိုဘဏ်တို့ထံ တင်ပြဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး တိုကျိုမြို့)
ရင်းမြစ်။ The Japan Times, The Japan News, The Yomiuri Shimbun, The NHK World.

Category: International News