Local News

စတုတ္ထအကြိမ် စီမံကိန်းစီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (PMB) အစည်းအဝေးကျင်းပ

Last Updated:

သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေး နှင့်တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့ အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ စတုတ္ထအကြိမ် စီမံကိန်းစီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (PMB) အစည်းအဝေးကျင်းပခြင်း

ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း များ၏ နည်းပညာအကူအညီနှင့် ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည်ဖော် လျှက်ရှိသော သစ်သီးဝလံထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့်တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ စတုတ္ထအကြိမ် စီမံကိန်း စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (PMB) အစည်းအဝေးကို Virtual Meeting အနေဖြင့် ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အရာထမ်းများနှင့်အတူ PMB အဖွဲ့ဝင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၄၀) ကျော်တို့က သက်ဆိုင်ရာ နေရာဒေသ၊ နိုင်ငံအသီးသီးတို့မှ တက်ရောက်ခဲ့ကြပါသည်။

          စီမံကိန်းမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ITC, UNIDO နှင့် UNCTAD တို့က ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်ခဲ့သော Covid-19 ကပ်ရောဂါကြောင့် ယင်းတို့၏ စီမံကိန်းအကောင် အထည်ဖော်မှုလုပ်ငန်းများအပေါ် သက်ရောက်မှု၊ လျော့ပါးသက်သာစေရန် စီမံဆောင်ရွက် နေမှု၊ New Normal နှင့် လိုက်လျောညီထွေဖြစ်စေရန် လုပ်ငန်းစဉ် အချို့ပြုပြင်ပြောင်းလဲ မှုများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို တင်ပြခဲ့ကြပြီး စီမံကိန်းက ပံ့ပိုး ပေးရန် ရွေးချယ်ထားသည့် လက်ဖက်၊ ချင်းနှင့် ထောပတ်သီးတို့၏ တန်ဖိုး ကွင်းဆက် လုပ်ငန်းစဉ်များတွင် အရည်အသွေးကောင်းများ ထိန်းသိမ်းထားနိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်မီ အရည်အသွေးများ စံချိန်စံညွှန်းရှိစေရေး၊ နိုင်ငံတကာ GAP လက်မှတ် ရရှိစေရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။

          စတုတ္ထအကြိမ် စီမံကိန်းစီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (PMB) အစည်းအဝေးတွင် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါမှ စီမံကိန်း ပြီးဆုံးမည့်ကာလ ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်လည်း ပြည်နယ်အဖွဲ့ အစည်းများမှ စီမံကိန်း လုပ်ငန်းစဉ်များကို ဆက်လက်၍ လက်ဆင့်ကမ်းဆောင်ရွက်သွားမည်ဖြစ်ရာ အရည်အသွေးပိုမိုကောင်း မွန်သော လက်ဖက်၊ ချင်းနှင့်၊ ထောပတ်သီးတို့ကို ပြည်ပသို့ပိုမိုတိုးမြင့် တင်ပို့နိုင်မည့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအား ရှင်းလင်း၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် ညနေ ၁၇:၀၀ အချိန်တွင် Online Meeting အစည်းအဝေး ပြီးဆုံးခဲ့ပါ သည်။

Category: Local News