တရုတ်နိုင်ငံ၌ လာမည့်ငါးနှစ်အတွင်း အဆင့်မြင့်စျေးကွက်စနစ် တည်ဆောက်ရာတွင် လမ်းညွှန်အဖြစ်အသုံးပြုမည့်အစီအစဉ်ကို (၃၁-၁-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယင်းတွင် စျေးကွက်အခြေခံ အဖွဲ့အစည်းများ၊ စျေးကွက်ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ ထိရောက်စွာ ခွဲဝေချထားပေးခြင်း၊ စျေးကွက် ဝန်းကျင်နှင့်အရည်အသွေး၊ အဆင့်မြင့် စံမှီပစ္စည်းများရရှိစေခြင်းနှင့် ခေတ်မီစျေးကွက်စနစ်ကြီးကြပ်ယန္တရားများအပါအဝင် ရှုထောင့် (၅) ခုပါဝင်သော သီးခြား အစီအမံ (၅၁) ခုကိုအဆိုပြုထား ပါသည်။
အသိဉာဏမူပိုင်ခွင့် (Interlecture Property Rights-IPR) အကာအကွယ်တိုးမြှင့်ခြင်း၊ စျေးကွက် ဝင်ရောက်ခွင့်အတွက် ရင်းနှီးမြုပ်နှံမှုပြုလုပ်ခွင့်မရှိသောစာရင်း (negative list)စနစ် အကောင် အထည်ဖော်ခြင်းနှင့် မျှတသောယှဉ်ပြိုင်မှု တိုးတက်စေခြင်းအားဖြင့် စျေးကွက်၏ အခြေခံအဖွဲ့အစည်းများကို တစ်စုတစ်စည်းတည်း တောင့်တင်းခိုင်မာစေရန် ပြုလုပ်သွားရန် ဖြစ်ကြောင်း၊ အသိဉာဏမူပိုင်ခွင့်ကို တန်းတူညီမျှကာကွယ်ခြင်းဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများ တိုးတက်စေရန်၊ IPR ဆိုင်ရာ တရားစီရင်ရေးကာကွယ်စောင့်ရှောက်မှုစနစ်မြှင့်တင်ရန်နှင့် ယင်းအတွက် ပိုမိုကောင်းမွန်စေရန် အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေါ်ပြထား ပါသည်။
ရေးဆွဲထားသောအစီအစဉ်အရ တိုင်းပြည်အနေဖြင့် နိုင်ငံတစ်ဝှမ်း အနှတ်စာရင်းစနစ်ကို လက်ခံကျင့်သုံးမည်ဖြစ်ပြီး၊ လက်ဝါးကြီးအုပ်ခြင်းကိုဆန့်ကျင်ခြင်းနှင့် မမျှတမှုကိုဆန့်ကျင်သော ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေများအား ပိုမိုခိုင်မာစေရန်နှင့်တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိရောက်သော (ထုတ်လုပ်မှု ဆိုင်ရာ) အချက်အလက်များခွဲဝေမှုမြှင့်တင်နိုင်ရန် အရင်းအမြစ်များကို စနစ်တကျစီးဆင်းမှု၊ အရင်းအနှီးစျေးကွက်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဗဟုသုတ၊ နည်းပညာ နှင့် အချက်အလက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများဆောင်ရွက်ရန် ဤအစီအစဉ်က ကတိပြုထားကြောင်း ဖေါ်ပြထားပါသည်။
IPR နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အောင်မြင်မှုရရှိသော ပစ္စည်းများ၏ မူပိုင်ခွင့်များဆိုင်ရာ အရောင်းအဝယ်အတွက် အဖွဲ့အစည်းဖွဲ့စည်းတည်ဆောက်မည်ဖြစ်ပြီး IPR လွှဲပြောင်းခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံခြားမှ ထိန်းချုပ်ထားသည့် ဖက်စပ်ဘဏ်များနှင့် securities firms များအပြင် နိုင်ငံခြားသားအပြည့်အဝပိုင်ဆိုင်သော (သို့မဟုတ်) ဖက်စပ်ပိုင်ဆိုင်သော စီမံခန့်ခွဲမှုကုမ္ပဏီများ တည်ထောင်ရန် ခွင့်ပြုသော ဘဏ္ဍာရေးဝန်ဆောင်မှုစျေးကွက် ဖွင့်လှစ်တိုးချဲ့ရန် အစီအမံများလည်း ပါဝင်ပါသည်။
စျေးကွက်ဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ကြိုတင်တည်ထောင်ထားမည့် နိုင်ငံသားကဲ့သို့ အခွင့်အရေးပေးခြင်း (National Treatment)သာမက ရင်းနှီးမြုပ်နှံမှုပြုလုပ် ခွင့်မရှိသောစာရင်း (negative list) စီမံခန့်ခွဲမှုစနစ်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် (negative list) ထပ်မံလျှော့ချရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးနိုင်ရန်နှင့် အဖွဲ့အစည်းဆိုင်ရာ လမ်းဖွင့်နိုင်မှုမြှင့်တင်ရန် လုပ်ငန်းကဏ္ဍများစာရင်း၏ နယ်ပယ်ချဲ့ထွင်ရန် ကြိုးပမ်းမှုတို့လည်း ပါဝင်ကြောင်း အဆိုပါ အစီအစဉ်တွင် ဖေါ်ပြထားပါသည်။
စျေးကွက်ကြီးကြပ်ကွပ်ကဲမှုယန္တရားအရ တရုတ်နိုင်ငံအနေဖြင့် လုပ်ငန်းကဏ္ဍပုံစံအသစ်များတွင် အားလုံးပါဝင်နိုင်သော ချင့်ချိန်ကြီးကြပ်ကွပ်ကဲသောစနစ်ကို ကျင့်သုံးရန်၊ စျေးကွက်၏ အရောင်းအဝယ်များကို စောင့်ကြည့်စစ်ဆေးမှု အားကောင်းစေရန်နှင့် စျေးကွက်တွင်ပုံမှန်မဟုတ်သော စျေးနှုန်းအတက်အကျများကို ထိရောက်စွာ တားဆီးရေးဆောင်ရွက်မည်ဖြစ်၍၊ တရုတ်နိုင်ငံအနေဖြင့် စနစ်တကျယှဉ်ပြိုင်မှု၊ ခိုင်မာသောစျေးကွက်အဖွဲ့အစည်းများနှင့် အုပ်ချုပ်မှုတို့ဖြင့် ပေါင်းစည်း မည့် အဆင့်မြင့်စျေးကွက်စနစ်ကို ပထမဉီးဆုံးအနေဖြင့် (၅) နှစ်ခန့်အတွင်း တည်ဆောက်ရန် အဆိုပြုခဲ့ခြင်းဖြစ်ပြီး စျေးကွက်အဖွဲ့အစည်းများ၏ ပြည့်စုံမှု၊ မျှတ သောယှဉ်ပြိုင်မှုနှင့် စျေးကွက်အော်ဒါနှင့် ဈေးကွက် ပျက်ကွက်မှုများကိုထိန်းသိမ်းရန် အစိုးရ၏အခန်းကဏ္ဍအပေါ် ပိုမိုအလေးထားမည်ဖြစ်ကြောင်း ဖေါ်ပြထားပါ သည်။
အမေရိကန်နိုင်ငံနှင့် ဖြစ်ပွားသော ကုန်သွယ်ရေးစစ်ပွဲတွင် အရည်အသွေး၊နိုင်ငံခြားရင်းနှီး မြုပ်နှံမှုနှင့် IPR ဆိုင်ရာကဏ္ဍများနှင့်ပတ်သတ်၍အခြေအတင်ဖြစ်ခဲ့ရာ ယင်းတို့ကို တုန့်ပြန်သည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။
ဝေရီလင်း (မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် http://english.yunnan.cn/html/2021/consulgeneral_0201/22812.html