International News

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေကြသည့် ဂျပန်စီးပွားရေးလုပ်ငန်းများ၏အခြေအနေ

Last Updated:

Suzuki Motor Corporation သည် ဖေဖော်ဝါရီလ () ရက်နေ့တွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေကြေငြာခဲ့ပြီနောက် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ တောင်ဒဂုံ စက်မှုဇုန်ရှိ Suzuki (Myanmar) Motor Co., Ltd. နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ Suzuki Thilawa Motor Co., Ltd တို့သည် အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့်အတွက် ထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ကြောင်းသိရပါသည်။

Suzuki Motor အနေဖြင့် မော်တော်ကားထုတ်လုပ်မှုစက်ရုံများတွင် အသုံးပြုနေသောအရည်အသွေး စစ်ဆေးရေးလုပ်ငန်းစဉ်များသည် ဆက်သွယ်ရေးကွန်ရက် များဖြင့် ချိတ်ဆက်ဆောင်ရွက်ရသဖြင့် ကွန်ရက်တည်ငြိမ်မှုမရှိသောကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရခြင်းကြောင့်လည်းကောင်း၊ အရေးပေါ် အခြေ အနေကြေညာခြင်းနှင့် ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်မှုကြောင့် စက်ရုံ ၂ ရုံရှိ ဝန်ထမ်း ၄၀၀ ခန့်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကို ရှေးရှု၍လည်း ကောင်း စက်ရုံကို ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

Suzuki Motor သည် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဆက်သွယ်ရေးကွန်ရက်များ စိတ်ချရမှု အခြေအနေနှင့် လုံခြုံရေးအခြေအနေများ တည်ငြိမ်စိတ်ချရမှုအခြေအနေသို့ ရောက်ရှိလာပါက စက်ရုံများအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

အလားတူ ဂျပန်နိုင်ငံမှ လက်လီအရောင်းလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Aeon Co. နှင့် မော်တော်ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် Denso Corporation တို့သည်လည်း အင်တာ နက်နှင့် ဖုန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့ရပါသည်။

Aeon မှ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် စျေးဝယ်စင်တာကြီး တစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း ဖွင့်လှစ်ရန်ပြင်ဆင်ထားကြောင်း၊ လတ်တလော တွင် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချမှတ်နိုင်သေးဘဲ အခြေအနေကို စောင့်ကြည့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဂျပန်နိုင်ငံသားဝန်ထမ်းများမှာ ဘေးကင်း လုံခြုံမှုရှိကြောင်း၊ ဒေသခန့်ဝန်ထမ်း များ၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Japan External Trade Organization (JETO) ၏ စာရင်းဇယားများအရ လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် ဂျပန်ကုမ္ပဏီအရေ အတွက် ၄၀၀ ခန့်ရှိကြောင်း သိရပါသည်။ Toyota Motor Corporation သည် မြန်မာနိုင်ငံရှိ ၎င်း၏မော်တော်ကား စက်ရုံအသစ်မှ ထုတ်လုပ်မှုကို ဖေဖော်ဝါရီလ အတွင်း ဒေသခန့်ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ အဖျော်ယမကာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Kirin Holdings သည်လည်း အရေးပေါ်အခြေအနေကြေငြာခဲ့မှုကြောင့် မြန်မာဘီယာနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် ၎င်း၏ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများကြောင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် Kirin Holdings ၏ နှစ်စဉ်ကမ္ဘာ့ဘီယာရောင်းအား၏ ၅ % ထက်မနည်းသည့် ဝေစုကို ပိုင်ဆိုင်ထားကြောင်းသိရပါသည်။ သို့သော် Kirin Holdings ၏ အဓိက အရောင်း စျေးကွက်မှာ ၎င်းတို့၏ပြည်တွင်း စျေးကွက်အတွက်ဖြစ်ပြီး လက်ရှိတိုးပွားလာသည့် သက်ကြီးရွယ်အိုဦးရေကြောင့် အဖျော်ယမကာသောက်သုံး မှုမှာလည်း ကျဆင်းလာကြောင်းသိရပါသည်။

Kirin Holdings အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရန် အပြုသဘောဆောင်သည့်သဘောထားဖြင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အနာဂတ်တွင်လည်း မြန်မာနိုင်ငံအတွက် အကျိုးပြုမည့် နည်းလမ်းတစ်ခုခုဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား။ The Asahi Shimbun, The Japan Times, The Japan Today

နန္ဒာဝင်း (မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News