Economic attaché-Brazil

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူမှုကိစ္စသည် ဘရာဇီးလ်-အိန္ဒိယ နှစ်နိုင်ငံအကြား ပဋိပက္ခ ဖြစ်နေမှု အခြေအနေကို ထင်ဟပ်နေ

Last Updated:

အမေရိကန်သမ္မတဟောင်း Trump နှင့် ပုံမှန်မဟုတ်သည့် မဟာမိတ်ဆက်ဆံရေးကြောင့် အမေရိကန်နိုင်ငံက ထောက်ခံမှုမပြုခဲ့သည့် အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံတို့က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက အဆိုပြုတင်ပြခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာအဆိုပြုချက်ကို ဘရာဇီးလ်သမ္မတ Bolsonaro အစိုးရကလည်း ကန့်ကွက်ခဲ့သည်။

ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံတွင် ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Oxford / AstraZeneca တင်ပို့ရောင်းချမည့် နိုင်ငံများစာရင်းမှ ဘရာဇီးနိုင်ငံကို ပယ်ဖျက် ခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းကိုဝယ်ယူရန် အိန္ဒိယနိုင်ငံရှိ Serum Institute နှင့် ဘရာဇီးလ်အစိုးရတို့အကြား သဘောတူညီထားသည်။ ဘရာဇီးလ်နိုင်ငံသို့ ရောင်းချရန်ငြင်းပယ်မှုသည် အိန္ဒိယအစိုးရ၏ မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ဖြစ်သည့်အပြင် ၎င်း၏အိမ်နီးချင်း နိုင်ငံများနှင့်အိန္ဒိယနိုင်ငံအကြား ပိုမိုနီးကပ်သောဆက်ဆံရေး တည်ဆောက်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရပ်ဝန်းတစ်ခုဖန်တီးရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထို့အပြင် ကူးစက်ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များတွင် အိန္ဒိယနိုင်ငံနှင့်ဘရာဇီးလ်နိုင်ငံအကြား အယူအဆသဘောထားကွဲလွဲမှု ပြဿနာများ ဖြစ်ပေါ်နေကြောင်း သိမြင်စေခဲ့သည်။

အခြားတစ်ဘက်တွင်လည်း ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတအိမ်တော်တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အစိတ်အပိုင်း အဖြစ် Washington အစိုးရ၏အထောက်အပံ့ကို အားကိုးအားထားပြုခဲ့သည်။ လုပ်ငန်းစဉ် သဘောအရ အမျိုးအစားတူဆေးဝါးများထုတ်လုပ်ရာတွင် ဉာဏမူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်း စည်းကမ်း ကန့်သတ်ချက်များကို ဖြေလျှော့ပေးမှသာ ကိုဗစ်-၁၉ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးကို ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏အဆိုပြုချက်အားဆန့်ကျင်သည့် အမေရိကန် ၏ ရပ်တည်ချက်အပေါ် ဘရာဇီးလ်နိုင်ငံကထောက်ခံခဲ့သဖြင့် ကမ္ဘာ့နိုင်ငံများ၌ လိုအပ်နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အချိန်တိုကာလအတွင်း အမြောက်အများ ထုတ်လုပ်ရာတွင် ဥပဒေ ဆိုင်ရာ အတားအဆီးများဖြစ်ပေါ်စေခဲ့သည်။

အဆိုပြုချက်အား ကန့်ကွက်သည့်လုပ်ဆောင်ချက်သည် အစိုးရ၏နိုင်ငံရေးဆိုင်ရာအရည် အချင်းမပြည့်ဝမှုကိုဖော်ပြလျက်ရှိကြောင်း၊ ၎င်းတို့၏ အရည်အချင်းမပြည့်ဝမှုကြောင့် နိုင်ငံများနှင့် ဆက်ဆံရေးတွင် ကမ္ဘာ့နိုင်ငံတစ်ဝက်လောက်နှင့် ပဋိပက္ခများရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သံအမတ်ကြီးဖြစ်သူ Paulo Roberto de Almeida က ပြောကြားခဲ့သည်။

National Institute of Industrial Property (INPI)မှ အရည်အသွေးပိုင်းဆိုင်ရာ အထွေထွေ တာဝန်ခံ Saulo Carvalho ကပြောကြားရာတွင် ဘရာဇီးလ်၏ရပ်တည်ချက်အား အိန္ဒိယနိုင်ငံက လက်မခံသည့်တိုင်အောင် နိုင်ငံ၏မူပိုင်ခွင့်ကိစ္စရပ်အပေါ်တွင် အစဉ်အလာအရ နားလည်သဘောပေါက်မှုက လွှမ်းမိုးလျက်ရှိနေမှုသည် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှုတွင် အကြပ်အတည်းကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ အိန္ဒိယ၏သုံးသပ်ချက်သည် ကိုဗစ်-၁၉ ကာကွယ်ဆေး လွတ်လပ်စွာထုတ်လုပ်ခွင့်အစီအစဉ်ကို ဘရာဇီးလ်နိုင်ငံက ထပ်မံဆန့်ကျင်ကန့်ကွက်နိုင်မှုဖြစ်ကြောင်း၊ ဘရာဇီးလ်နိုင်ငံက ၎င်း၏ကန့်ကွက်မှုကို ရုတ်သိမ်းလျင်ပင်ကာကွယ်ဆေးဝယ်ယူရရှိနိုင်မည့်အကြပ်အတည်းကို လျှော့ပါးစေမည်ဟုမထင်မြင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပြဌာန်းထားသည့် ဉာဏမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး များတွင် မဖြစ်မနေခွင့်ပြုချက်လျှောက်ထားရယူရမည့် ကိစ္စရပ်များအပါအဝင် ဖြေလျှော့ဆောင်ရွက် ပေးနိုင်သည့်ကိစ္စရပ်များအား ဘရာဇီးလ်နိုင်ငံကနားလည်သိရှိကြောင်း၊ သို့ရာတွင် မူပိုင်ခွင့်အခွင့် အရေးကို အာမခံပေးခြင်းဖြင့် ကူးစက်ကပ်ရောဂါအတွက် ကာကွယ်ဆေးများတီထွင်စမ်းသပ် ရှာဖွေမှုများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်လုပ်ငန်းရှင်များအား မက်လုံးဖြစ်ပေါ်စေကြောင်း ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - Vaccine reflects Brazil's veiled conflict with India