Economic attaché-Brazil

ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်းများအား ပိတ်သိမ်းခြင်းမပြုလုပ်သင့်ကြောင်း ဘရာဇီးသမ္မတပြောကြား

Last Updated:

ကူးစက်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများအားလုံးကို ပိတ်သိမ်းခြင်းအား ဆန့်ကျင်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် Caixa တည်ထောင်ခြင်း နှစ် (၁၆၀) ပြည့်အခမ်းအနား၌ ဘရာဇီးလ်သမ္မတ Jair Bolsonaro က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဝင်ငွေရရှိသည့်အလုပ်အကိုင်မရှိဘဲ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနှိုင်မည်မဟုတ်ကြောင်း သမ္မတက ပြောကြား ခဲ့သည်။

ပြည်နယ်အစိုးရများနှင့် မြို့တော်ဝန်များက ၎င်းတို့၏အုပ်ချုပ်မှုနယ်မြေအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား ပိတ်သိမ်းခြင်းမပြုရန် ဆုမွန်ကောင်းတောင်းကြောင်း သမ္မတ အိမ်တော်တွင်ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဘရာဇီးလ် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၈.၁ သန်းနှင့် ရောဂါပိုးကူးစက် သေဆုံးသူ ၂၀၃,၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ၎င်း၏အစိုးရသက်တမ်းကာလတွင် လူမှုကွန်ယက်၌ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင်အား အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

ရည်ညွှန်းကိုးကား - Closing businesses due to COVID-19 is not right, Bolsonaro says