Belgium

စွမ်းအင်ကုန်ကျစရိတ်ကြောင့် ဘယ်လ်ဂျီယံစက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းအားနည်းချက် များရှိလာခြင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံရှိ စက်မှုလုပ်ငန်းကုမ္ပဏီကြီးများသည် အိမ်နီးချင်းနိုင်ငံများရှိ စက်မှုလုပ်ငန်းများထက် စွမ်းအင်သုံးစွဲခများတွင် သုံးပုံတစ်ပုံခန့်ပိုမို ပေးဆောင်နေရပြီး၊ ယှဉ်ပြိုင်နိုင်စွမ်းအားနည်းချက် (Competitive disadvantage) များရှိလာကြောင်း သိရပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဖက်ဒရယ် အစိုးရက ဘယ်လ်ဂျီယံကုမ္ပဏီများ၏ စွမ်းအင်ကုန်ကျစရိတ်များအား အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူဖြစ်စေရေးအတွက် စွမ်းအင်ဆိုင်ရာ စံချိန်စံညွှန်း များသတ်မှတ်ထားစေကာမူ ကုမ္ပဏီများအနေဖြင့် စွမ်းအင်သုံးစွဲခကုန်ကျစရိတ်များအတွက် ဆက်လက်ရုန်းကန်နေကြရသည်ဟု ဘယ်လ်ဂျီယံ စက်မှု လုပ်ငန်းဆိုင်ရာ စွမ်းအင်သုံးစွဲသူများအသင်းချုပ် (Federation of Belgian Industrial Energy Consumers – Febeliec) ကဆိုသည်။

အီးယူ၏ စက်မှုလုပ်ငန်းကဏ္ဍတစ်ခုလုံးအနေဖြင့် အခြား ကမ္ဘာ့ဒေသများနှင့်ယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းချက်များရှိနေပြီး၊ ယင်းကြောင့် ဆယ် စုနှစ်များတွင် အကျပ်အတည်းဆီသို့ ဉီးတည်စေနိုင်ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများသည် ဥရောပ၌ စွမ်းအင်ဈေးနှုန်း သိသာစွာမြင့်တက်မှုကို ဉီးတည်စေခဲ့ကြောင်း အဆိုပါအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ စက်မှုလုပ်ငန်းများသည် အနောက်ဥရောပ အလယ်ပိုင်းနိုင်ငံများတွင် ပေးဆောင်ရသည့် ပျမ်းမျှလျှစ်စစ်ဓါတ်အားခနှင့် နှိုင်းယှဉ်ချက်အရ (၁၉) ရာခိုင် နှုန်းမှ (၂၅) ရာခိုင်နှုန်းအကြား ယှဉ်ပြိုင်နိုင်စွမ်း အားနည်းချက်ရှိစေကြောင်း သိရပါသည်။

Deloitte ၏ နှိုင်းယှဉ်ချက်အရ ၂၀၂၂ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ စွမ်းအင်ဈေးနှုန်းသည် နယ်သာလန်နိုင်ငံနှင့် တန်းတူပင်ဖြစ်သော်လည်း ပြင်သစ်နိုင်ငံထက် (၂၃၁) ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံထက် () ရာခိုင်နှုန်း ပို၍မြင့်မားသည်ဟုဆိုသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ စက်မှုလုပ်ငန်းကုမ္ပဏီများ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းချက် ဖြစ်ပေါ်နေသည့်အပြင် မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဩစတြေး လျ စသည့် ကမ္ဘာ့အခြားဒေသများရှိ စွမ်းအင်သုံးစွဲခ သိသိသာသာလျော့နည်းသော စက်မှုလုပ်ငန်းများနှင့်လည်း ယှဉ်ပြိုင်နေကြရကြောင်း သိရပါ သည်။

ဘယ်လ်ဂျီယံ၏ စက်မှုလုပ်ငန်းကဏ္ဍအနေဖြင့် စွမ်းအင်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို ကြိုဆိုသော်လည်းယင်းကို မြန်ဆန်စွာ အကောင်အထည် ဖော်ရန် တိုက်တွန်းထားကြောင်း၊ အခွန်နှင့် ဓါတ်အားလိုင်း ချိတ်ဆက်ပို့လွှတ်ခကုန်ကျစရိတ်များ လျှော့ချပေးခြင်းအပါအဝင် အီးယူ၏ စက်မှုလုပ်ငန်း ကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်တိုးတက်စေရေးအတွက်  လိုအပ်သောအစီအမံများကို ဆောလျင်စွာဆောင်ရွက်ပေးရန် ဘယ်လ်ဂျီယံ၏ စက်မှု လုပ်ငန်းကဏ္ဍအနေဖြင့် ဥရောပအဆင့် အာဏာပိုင်အဖွဲ့များ၊ ဖက်ဒရယ်အဆင့်နှင့် ဒေသအဆင့်အာဏာပိုင်များထံ တောင်းဆိုထားကြောင်း သိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   https://www.brusselstimes.com/belgium/219500/competitive-disadvantage-belgian-industrial-companies-paying-more-for-energy

Category: Belgium