Belgium

ဘယ်လ်ဂျီယံနိုင်ငံ၌ ကြက်သားနှင့်ဝက်သားဈေးနှုန်းများ သိသာစွာ မြင့်တက်လာခြင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံရှိ ကုန်စုံဆိုင်များ၌ ကြက်သားဈေးနှုန်းသည် ယူရို () ဆင့်၊ ဝက်သား ဈေးနှုန်းသည် ယူရို (၂၀) ဆင့်တို့ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း Flemish Infocentre for Agriculture and Horticulture (VILT) ၏ အဆိုအရသိရပါသည်။ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုများသည် တိရစ္ဆာန်အစာအတွက် ကုန်ကျစရိတ်ကို ကာမိစေရုံသာရှိသဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ထုတ်လုပ်မှု လျှော့ချသွားရေးကို စဉ်းစားလာစေနိုင်ကြောင်း သိရပါသည်။

ကြက်ငှက်တုပ်ကွေးရောဂါနှင့် ရုရှား- ယူကရိန်း ပဋိပက္ခတို့ကြောင့် လက်ရှိတွင် ပိုလန်၊ ဂျာမနီနှင့် နယ်သာလန်စသည့် နိုင်ငံများမှ ကြက်/ ဘဲများ တင်သွင်းမှုမရှိကြောင်း၊  တင်သွင်းလာသည့်အသားများကို အသားပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများတွင် အဓိက ထား အသုံးပြုခြင်းဖြစ်ပြီး၊ ၎င်းလုပ်ငန်းများသည် ယခုအခါ ဘယ်လ်ဂျီယံပြည်တွင်း၌ ထုတ်လုပ်သည့် အသားများကို ပိုမိုဝယ်ယူ လာကြသည်ဟု ဆိုသည်။  

ယူကရိန်းနိုင်ငံသည် ကြက်သားအဓိက ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး၊ ရုရှား- ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ နိုင်ငံတကာ ဈေးကွက်မှ ပျောက်ကွယ်လျက်ရှိကြောင်း၊ တစ်လအတွင်း၌ ကြက်သားဈေးနှုန်းသည် မကြုံစဖူး မြင့်တက်လာခဲ့ပြီး၊ တစ်ကီလိုဂရမ် လျှင် ယူရို () ဆင့်အထိ ဈေးတက်လာမှုသည် လက်ရှိအချိန်အထိတွင် အများဆုံးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြက်သားတင်သွင်း မှု ကျဆင်းလာသည့်အပြင် ဘယ်လ်ဂျီယံနိုင်ငံ၏ ကြက်သားထုတ်လုပ်မှုသည် ယမန်နှစ်ကအဆင့်အောက်တွင် ရှိနေကြောင်း သိရပါ သည်။

တိရစ္ဆာန်အစာ ကုန်ကျစရိတ်မြင့်မားခြင်းနှင့် စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ဘယ်လ်ဂျီယံရှိ အသားစားကြက်မွေးမြူသူ များသည် ကြက်များကို လျှော့ချမွေးမြူလာကြပြီး၊ ဖလန်းဒါးဒေသရှိ မွေးမြူရေးလုပ်ငန်းများမှ ကြက်သားထုတ်လုပ်မှုသည် မကြာ သေးမီလများ၌ (၁၅) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟုဆိုသည်။ ဘယ်လ်ဂျီယံနိုင်ငံ၌ ကြက်/ဘဲ ထုတ်လုပ်သူနှင့် ဝယ်ယူသူများပါဝင် သည့် အထူးကော်မတီက အပတ်စဉ်တွေ့ဆုံညှိနှိုင်း၍ ကြက်သားဈေးနှုန်းများကို သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ၎င်းအရ ကြက်သား ဝယ်ယူရရှိနိုင်မှု နိမ့်ကျနေသည့်တိုင် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် လက်လီအရောင်းဆိုင်များအပေါ် ဈေးနှုန်းတိုးမြှင့် ရန် အခက်အခဲရှိကြကြောင်း၊ ထို့ကြောင့် အဆုံးသတ်တွင် ဈေးနှုန်းမြင့်တက်မှုကို စားသုံးသူများက ခံစားကြရကြောင်း သိရပါသည်။

တိရစ္ဆာန်အစာဈေးနှုန်းသည် လက်ရှိတွင် အလွန်မြင့်မားနေသောကြောင့်  မွေးမြူထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ်ကို ကာမိ စေရေးအတွက် ဈေးနှုန်းမြှင့်၍ ရောင်းချနိုင်မှသာ ဆက်လက်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အသားစားကြက်မွေးမြူသူများအတွက် ကုန်ကျစရိတ်၏ (၈၀) ရာခိုင်နှုန်းခန့်သည် တိရစ္ဆာန်အစာအတွက်ဖြစ်ကြောင်း၊ တိရစ္ဆာန်အစာအတွက် အများအားဖြင့် အသုံးပြုသည့် ဂျုံဈေးနှုန်းသည် တစ်လအတွင်း () တန်လျှင် ယူရို (၂၇၀) ခန့်မှ (၄၂၀) ခန့်သို့ မြင့်တက်ခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်https://www.brusselstimes.com/business/210296/price-of-chicken-and-pork-in-grocery-stores-rising-sharply

Category: Belgium