Belgium

ဘယ်လ်ဂျီယံနိုင်ငံ၌ စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည် ၁၉၈၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ခြင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံ၌ စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှု (Food inflation) သည် (.၆၃) ရာခိုင်နှုန်းဖြင့် ၁၉၈၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံတွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်လာကြောင်း သိရပါသည်။

ကုန်ပစ္စည်းအများစု၏ ဈေးနှုန်းမြင့်တက်လာပြီး၊ ဈေးကျသည့်ကုန်စည်မှာ အနည်းငယ်မျှသာရှိကြောင်း၊ ထောပတ်၊ ခေါက်ဆွဲနှင့် သံလွင်ဆီ စသည့်ထုတ်ကုန်များသည် (၁၂) ရာခိုင်နှုန်းမှ (၁၃) ရာခိုင်နှုန်းအကြား ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကော်ဖီ၊ အာလူး၊ နို့နှင့် လတ်ဆတ်ငါးဈေးနှုန်းများမှာ () ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီလုပ်ငန်းများအနေ ဖြင့် ကုန်ကျစရိတ်ကြီးမြင့်မှုကို ကြုံတွေ့နေရသည်ဟု  ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းများအသင်းချုပ် (Federation of Belgian Food Industry-Fevia) က ပြောကြားကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် အထွေထွေငွေကြေးဖောင်းပွမှုနှုန်းသည် ယခုအခါ (.၃၁) ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး၊ စပိန်နိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ငွေကြေးဖောင်းပွမှု (၁၀) ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းမှာ (.) ရာခိုင်နှုန်းမှ (.) ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း သိရပါသည်။

စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် supply အကန့်အသတ် ရှိလာနိုင်သည့်အခြေအနေများကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမား ကတ်များ၌ ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နိုင်သည့် ဖိအားများရှိလာကြောင်း၊  ဘယ်လ်ဂျီယံရှိ စူပါမားကတ်များအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခမဖြစ်ပွားမီကပင် ဥရောပ၌ စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှုနှင့် ကမ္ဘာ့ကုန်စည်ဈေးနှုန်းကြီးမြင့်လာမှုတို့ကြောင့် အမြတ်အစွန်းလျော့ကျလာသည့် အကျိုးဆက်များကို ကြုံတွေ့ခံစားခဲ့ကြရပြီးဖြစ်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်https://www.brusselstimes.com/business/214071/food-inflation-hits-highest-mark-since-1983-at-4-63

Category: Belgium