Belgium

ဝယ်လိုအားများနေသည့် ကုန်စည်များတင်ပို့မှုကို ရုရှားနိုင်ငံက ယာယီပိတ်ပင်ထားခြင်း

Last Updated:

ဥရောပနိုင်ငံများရှိ သွင်းကုန်တင်သွင်းသူများက ဝယ်လိုအားများနေသည့် ပန်းနှမ်းနှင့် နေကြာစေ့ကဲ့သို့သော ကုန်စည်များတင်ပို့မှု ကို ရုရှားနိုင်ငံက ယာယီရပ်တန့်ထားကြောင်း၊ ဥရောပ၌ စားသောက်ကုန်များထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆီအတွက် အဆိုပါ ကုန်စည်များကို ဝယ်လိုအားများနေခြင်းဖြစ်ကြောင်း ဘရပ်ဆဲလ်တိုင်းမ် သတင်းဝက်ဘ်ဆိုဒ်တွင် “Russia blocks export of products in high demand” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြထားပါသည်။

ရုရှားနိုင်ငံ၏ ပို့ကုန်ပိတ်ပင်မှုသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်အထိ အသက်ဝင်မည်ဟု ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက ကြေငြာခဲ့ ကြောင်း၊ ရုရှားနိုင်ငံအစိုးရက ၂၀၂၂ ခုနှစ်၊ ဧပြီလလယ်မှ ဩဂုတ်လကုန်အထိကာလအတွက် နေကြာဆီတင်ပို့မှုတန်ချိန် (.) သန်းဖြင့် ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ဥရောပနိုင်ငံများက ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များပြုလုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ စားသောက်ကုန်အများအပြားမှာ ဈေးနှုန်းသိသာစွာ မြင့်တက်လာခဲ့ကြောင်း၊ ရုရှားနိုင်ငံ၏ မြို့အများအပြားတွင် ကုန်ပစ္စည်းများဝယ်ယူစုဆောင်းမှုဖြစ်လာပြီး၊ အချို့စူပါမားကတ်များက ကုန်ပစ္စည်းများအား အရေအတွက် ကန့်သတ်၍ စတင်ရောင်းချလာကြကြောင်း အဆိုပါသတင်းက ဖော်ပြထားပါသည်။  

ဘယ်လ်ဂျီယံနိုင်ငံ၌ နာမည်ကျော်လူကြိုက်များသော အာလူးချောင်းကြော်ထုတ်လုပ်ရာတွင် အသုံးပြုရသဖြင့် ဘယ်လ်ဂျီယံနိုင်ငံ သည် နေကြာဆီကို အဓိကစားသုံးသည့်နိုင်ငံဖြစ်ရာ ယခုအခါ နေကြာဆီ supply အကန့်အသတ်ရှိလာပြီး အာလူးချောင်းလုပ်ငန်း များအတွက် ခြိမ်းခြောက်မှုဖြစ်လာကြောင်း၊ ဘယ်လ်ဂျီယံရှိ စူပါမားကတ်အများအပြားကလည်း အချို့သောကုန်စည်များကို အရေ အတွက်ကန့်သတ်၍ ရောင်းချလာကြကြောင်း၊ ၎င်းတို့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကကဲ့သို့ စိုးရိမ်စိတ်ဖြင့် ဝယ်ယူစုဆောင်းမှုများကြောင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး ထိုသို့ ကန့်သတ်ရောင်းချခြင်းဖြစ်ကြောင်း သိရပါသည်။

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် နေကြာဆီနှင့် အခြားကောက်ပဲသီးနှံများကို အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံများဖြစ်ရာ ဥရောပနိုင်ငံများရှိ စားသောက်ကုန်လုပ်ငန်းကဏ္ဍများအနေဖြင့် ရုရှား- ယူကရိန်း ပဋိပက္ခကြောင့် ၎င်းကုန်စည်များတင်ပို့မှုအကန့် အသတ်ရှိလာခဲ့သည့်အတွက် ဖိအားများရှိလာခဲ့ကြောင်း၊ ဘယ်လ်ဂျီယံအစိုးရအနေဖြင့် စူပါမားကတ်များနှင့် ကုန်စုံဆိုင်များ၌ ပစ္စည်းပြတ်လပ်မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ရန်အတွက် လုပ်ငန်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းထားကြောင်း အဆိုပါသတင်းတွင် ဖော် ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်https://www.brusselstimes.com/business/214437/russia-temporarily-stops-exports-of-some-badly-needed-products

Category: Belgium