Brazil

ကမ္ဘာ့ဈေးကွက်တွင် ပြောင်းစေ့ဝယ်လိုအား သိသိသာသာမြင့်တက်နိုင်

Last Updated:

ကမ္ဘာ့ပြောင်းဈေးကွက်သို့ ပြောင်းအမြောက်အများတင်ပို့နေသည့် ယူကရိန်းနိုင်ငံသည် လတ်တလောအခြေအနေတွင် စစ်ပွဲများဖြစ် ပွားနေမှုကြောင့် သီးနှံများ ကောင်းစွာစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဘရာဇီးလ်ပြောင်းများ၏ ဝယ်လိုအား များ ပိုမိုမြင့်တက်လာနိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ရုရှနှင့် ယူကရိန်းနိုင်ငံတို့သည် ၎င်းတို့၏ ပို့ကုန် များအား ကမ္ဘာ့ဈေးကွက်သို့ အကန့်အသတ်ဖြင့်သာ တင်ပို့လျက်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဈေးကွက်သို့ လယ်ယာထွက်ကုန်တင်ပို့မှုတွင် ဘရာဇီးနိုင်ငံသည် တတိယမြောက် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး ရုရှနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့သည် ကမ္ဘာ့အများဆုံးတင်ပို့သည့် ၅ နိုင်ငံစာရင်းတွင်ပါဝင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုး ရေးဌာန (U.S. Department of Agriculture - USDA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရုရှ- ယူကရိန်း ပဋိပက္ခကြောင့် ပြည်တွင်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုမရှိစေရေးအတွက် နှံစားသီးနှံများအပါအဝင် လယ်ယာထွက်ကုန်များအား ဘရာဇီးလ် နိုင်ငံမှ ဝယ်ယူတင်သွင်းနိုင်ရန် အရှေ့ဥရောပနိုင်ငံများက ပိုမိုဆက်သွယ်လာကြကြောင်း လယ်ယာကဏ္ဍ စီးပွားရေးသတင်းများအား ထုတ်လွှင့်နေသည့် Rural Channel သတင်းဌာနမှ လေ့လာသုံးသပ်သူ Glauber Silveira က ပြောကြားခဲ့သည်။

စားနပ်ရိက္ခာနှင့် တိရိစ္ဆာန်အစာအတွက် ပြောင်းသီးနှံပြတ်လပ်မှုဖြစ်ပေါ်မည်ကို နိုင်ငံတကာဈေးကွက်တွင် စိုးရိမ်မှုများမြင့်တက် လျက်ရှိနေကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်မည့် အလားအလာများကြောင့် ဘရာဇီးလ်နိုင်ငံသည် ပြောင်းသီးနှံ အား တိုးချဲ့စိုက်ပျိုးနိုင်သည့် အခြေအနေရှိနေသော်လည်း ပိုတက်စီယမ်ဓာတ်မြေဩဇာလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယူကရိန်းနိုင်ငံ၏ ပြောင်းတင်ပို့မှုလျော့ကျမှုကြောင့် ကမ္ဘာ့ပြောင်းဝယ်လိုအား သိသိသာသာမြင့်တက်ရန် မျှော်မှန်းထားကြောင်း Silveira က ပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

Source: canalrural.com.br

Category: Brazil