Australia

ကမ္ဘာ့အစားအသောက်ဈေးနှုန်းမြင့်တက်မှုက ဩစတြေးလျစိုက်ပျိုးမွေးမြူရေးထုတ်ကုန် ထုတ်လုပ်သူများအတွက် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း

Last Updated:

ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းများသည် ၂၀၁၁ ခုနှစ်၊ ဇွန်လမှစတင်၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ အကြောင်းမှာ ထုတ်လုပ်မှုဒေသအချို့တွင် စိုက်ပျိုးထုတ်လုပ်မှု ညံ့ဖျင်းသော အခြေအနေများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာရခြင်းကြောင်းဖြစ်ပါသည်။ ကမ္ဘာတစ် ဝှမ်းကုန်စည်ပို့ဆောင်မှုနှင့် အဓိက စိုက်ပျိုးရေးသွင်းအားစု ဖြစ်သည့် ဓာတ်မြေသြဇာကုန်ကျစရိတ်များ အလွန်အမင်းမြင့်တက်လာခြင်းသည်လည်း အစားအသောက်ဈေးနှုန်းများ မြင့်မားလာစေပါသည်။

၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဩစတြေးလျနိုင်ငံတစ်ခွင် ကောင်းမွန်သောရာသီဥတုကြောင့် အထွက်နှုန်းတိုးတာ သြစတြေးလျ စိုက်ပျိုးရေးပို့ကုန်များသည် မြင့်မားသော နိုင်ငံတကာဈေးနှုန်းများနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုတင်းကျပ်ခြင်းတို့မှ အကျိုးအမြတ်များရရှိစေပါသည်။

နိုင်ငံအများအပြားသည် အကောက်ခွန်စည်းကြပ်မှုများကို လျှော့ချရန် (သို့) ပို့ကုန်ကန့်သတ်ချက်များကို ချမှတ်ရန်စဉ်းစားလျက်ရှိကြရာ အဆိုပါအရွေ့သည် ပြည်တွင်း စားသုံးသူများနှင့်မတည်ငြိမ်သော အစားအသောက်ဈေးနှုန်းများ မြင့်တက်ခြင်းမှကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ အကောက်ခွန်လျှော့ချခြင်းသည် သြစတြေးလျ မှ ထုတ်ကုန်များအပါအဝင် တင်သွင်းသည့်ထုတ်ကုန်များကို ပိုမိုယှဉ်ပြိုင်စေပြီး၊ ပို့ကုန်ကန့်သတ်ချက်များသည် ကုန်သွယ်မှုအတွက် ရရှိနိုင်သော စားနပ်ရိက္ခာ ထောက်ပံ့မှုများကို လျှော့ချခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာစျေး နှုန်းများ ပိုမိုမြင့်တက်လာနိုင်ပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏  ကိန်းဂဏန်းများအရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအကြားတွင် စားနပ်ရိက္ခာဈေးနှုန်း အညွှန်းကိန်းမှာ ၁၀၂.၅ မှ ၁၃၄.၄ (+၃၁.၁ %) သို့ မြင့်တက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစတင်၍ စားနပ်ရိက္ခာ ဈေးနှုန်းအညွှန်းကိန်းတွင် အကျုံးဝင်သည့် ကုန်စည်တိုင်း၏ ဈေးနှုန်းများမြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်း၏နောက်ကွယ်တွင် အဓိကစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံအများအပြားရှိ ရာသီအလိုက်ရာသီဥတုအခြေအနေ ညံ့ဖျင်းမှု များရှိနေပြီး၊ ကုန်စည်ပို့ဆောင်ခနှင့် ဓာတ်မြေသြဇာကုန်ကျစရိတ်များ အလွန်အမင်းမြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှုနှင့်ဆက်စပ်သော ဈေးနှုန်းများ တိုးမြင့်လာခဲ့ ခြင်းဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစတင်၍ ဟင်းချက်ဆီ ၇၀ %၊ နှံစားသီးနှံ ၄၁ %၊ သကြား ၃၈ %၊ နို့နှင့် နို့ထွက်ပစ္စည်း ၂၁ % နှင့် အသား ၆ % အသီးသီး မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။ 

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်မှု၊ ရာသီဥတုအခြေအနေကောင်းမွန်မှုတို့က ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အားသာချက်များကို ဖြစ် ပေါ်စေကာ ဩစတြေးလျ လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဩစတြေးလျဒေါ်လာ ၆၁  ဘီလီယံကျော်အထိ ရရှိရန် ABARES က ခန့်မှန်းထားပါသည်။

စားသုံးသူများအတွက်မူ မြင့်မားသောအစားအသောက်စျေးနှုန်းများသည် အစားအသောက်အတွက် သုံးစွဲသည့် အိမ်သုံးဘတ်ဂျက်၏အချိုးအစားကို တိုးစေရာ အစား အသောက်အတွက် အိမ်သုံးအသုံးစရိတ်ဝေစု ပိုကြီးမားသည့် ထွန်းသစ်စ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများကို ရရှိနိုင်ပါသည်။

ကမ္ဘာ့ပေါ်ရှိ အချို့သောအစိုးရများသည် စားသောက်ကုန် ဈေးနှုန်းများလျှော့ချရန် ကြိုးပမ်းရာတွင် သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ မူဝါဒများကို ပြောင်းလဲကျင့်သုံးလျက်ရှိရာ အဆိုပါမူဝါဒအပြောင်းအလဲများမှာ သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများအဖြစ် ပေါ်ထွက်လာနိုင်ပြီး၊ သြစတြေးလျထုတ်ကုန်များကို ပိုမို ယှဉ်ပြိုင်နိုင်စေခြင်း (သို့)  ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းများကို ပိုမိုဖောင်းပွစေခြင်းတို့ ဖြစ်ပေါ်နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

Category: Australia