Belgium

ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် မဟာဗျူဟာမြောက် စီးပွားရေး အမှီအခိုကင်းမှုကို အီးယူ ရည်ရွယ်ချက်ထားရှိ

Last Updated:

ဆေးဝါးများနှင့် အခြားစက်ပစ္စည်းအစိတ်အပိုင်းများကဲ့သို့သော ထုတ်ကုန်များ ထုတ်လုပ်မှု တွင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများအပေါ် မှီခိုရနေရခြင်းကြောင့် ဥရောပသမဂ္ဂ၏ စီးပွားရေးကို ပိုမိုအမှီအခိုကင်းသည့် ပုံစံအဖြစ် ပြန်လည်တည်ဆောက်သွားလိုကြောင်း ဥရောပကောင်စီဥက္ကဌ Charles Michel က ဘရပ်ဆဲလ်စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပြီး၊ မရှိမဖြစ်အရေးပါသော ထုတ်ကုန်များတွင် အီးယူ၏ မဟာဗျူဟာမြောက် အမှီအခို ကင်းမှုရရှိရေးသည် ရာစုနှစ်အတွက် အီးယူ၏ စီမံချက်များပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်းသိရသည်။

အီးယူ၏ စက်မှုလုပ်ငန်းမဟာဗျူဟာသည် အမှီအခိုကင်းလွတ်မှု ပိုမိုရရှိရေးကို အားပေးသွား မည်ဖြစ်ပြီး၊ နိုင်ငံသားများ၏ သာယာဝပြောမှုအတွက် လိုအပ်သော အရင်းအမြစ်များအားလုံးကို ရရှိနိုင်မှုသေချာစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မရှိမဖြစ် အရေးကြီးသော ထုတ်ကုန်ပစ္စည်းများနှင့် ဆေးဝါးများကို အမှီအခိုကင်းစွာ ထုတ်လုပ်နိုင်ရေးလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆေးဝါးများနှင့် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုသောကုန်ကြမ်းများ၏ (၈၀) ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်း အများအပြားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပိတ်သိမ်းထားရပြီးနောက် ဥရောပ စီးပွားရေး၏ ထုတ်လုပ်မှုကွင်းဆက်နှင့်ပတ်သက်၍ အီးယူနိုင်ငံများက စိုးရိမ်ပူပန်မှုရှိခဲ့ကြကြောင်း သိရသည်။ ဥရောပ၏စီးပွားရေး မဟာဗျူဟာမြောက်စွာဖြင့် အမှီအခိုကင်းရေးမှာ မိမိတို့၏ ဘုံအကျိုးစီးပွားများအားလုံးအတွက် ရာစုနှစ်ဘုံစီမံကိန်းအသစ်တစ်ရပ်ဖြစ်ပြီး၊ ယင်းသည် မိမိတို့၏ နောင်မျိုးဆက်များအတွက် နံပါတ်တစ် ရည်မှန်းချက်လည်းဖြစ်သည်ဟု Charles Michel က ပြောကြားခဲ့ကြောင်းသိရသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  (ရိုက်တာ)

Category: Belgium