Belgium

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်သာလန်နိုင်ငံ တစ်စိတ်တစ်ပိုင်းအသွားအလာ ကန့်သတ်မှု (partial lockdown) ပြုလုပ်

Last Updated:

နယ်သာလန်နိုင်ငံသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၁၄-၁၀-၂၀၂၀ ရက်နေ့၊ ညပိုင်းမှစတင်၍ တစ်စိတ်တစ်ပိုင်းအသွားအလာကန့် သတ်မှု (partial lockdown) ပြုလုပ်သွားမည်ဟု နယ်သာလန်နိုင်ငံဝန်ကြီးချုပ် Mark Rutte က ကြေညာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ရက်မှ ၁၃ ရက်နေ့အတွင်း နယ်သာလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် (၄၃၉၀၃) ရှိခဲ့ပြီး၊ ယခင်တစ်ပတ်တာကာလနှင့်နှိုင်းယှဉ်လျှင် ၆၀ ရာခိုင်နှုန်းတိုးလာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် (၁၀:၀၀) နာရီအချိန်တွင် ပိတ်ထားရမည်ဖြစ်ပြီး၊ အရက်သေစာနှင့် မူးယစ်စေသော အရာများ ရောင်းချမှုကို (၈:၀၀) အချိန်မှ နံနက် (:၀၀) အချိန်အတွင်း ခွင့်မပြုကြောင်း၊ စားသောက်ကုန်ရောင်းချသည့်ဆိုင်များမှအပ ဈေးဆိုင်များသည် (၈:၀၀) အချိန်တွင် ပိတ်သိမ်းရမည်ဖြစ်ကြောင်း၊ မဖြစ်မနေဆောင်ရွက်ရခြင်းမှအပ နေအိမ်မှအလုပ်လုပ်ကိုင်စေရန် (work from home) ညွှန်ကြားထားကြောင်း သိရသည်။

ဟိုတယ်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားပြီး၊ လာရောက်တည်းခိုသည့်ဧည့်သည်များအား အစားအသောက်ဝန်ဆောင်မှုပေးခြင်းကိုလည်း ခွင့်ပြုထား ကြောင်း၊ အဆောက်အဦအတွင်းနေရာများ၌ လူအရေအတွက်အများဆုံး (၃၀) ဦးအထိသာ စုဝေးခွင့်ပြုထားကြောင်း သိရသည်။ အပျော်တမ်းစုဝေးအားကစား ပြုလုပ်ခြင်းများကိုလည်း တားမြစ်ထားပြီး၊ နယ်သာလန်နိုင်ငံသားများအား အနီရောင် (သို့မဟုတ်) လိမ္မော်ရောင်အဖြစ် သတ်မှတ်ထားသော ဒေသ/ နိုင်ငံများသို့ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ဝန်ကြီးချုပ်က တောင်းဆိုထားသည်။ နယ်သာလန်နိုင်ငံအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံအား အနီရောင်ဇုန်နီးပါး သတ်မှတ်ထား သဖြင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ခရီးသွားလာခြင်းကို အားမပေးကြောင်းနှင့် အကယ်၍သွားရောက်ခဲ့ပြီး နယ်သာလန်နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက COVID-19 test ပြုလုပ်ခြင်း၊ သီးသန့်ခွဲခြား၍နေထိုင်စေခြင်း (quarantine) တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ နယ်သာလန်နိုင်ငံ၏ အသွားအလာကန့်သတ် ချက် အစီအမံမှာ ရက်သတ္တပတ် () ပတ်ကြာမြင့်မည်ဖြစ်ပြီး၊ () ပတ်ကြာပြီးနောက်တွင် ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်းသိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium