Belgium

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Personal Protective Equipment (PPE) များအတွက် ပို့ကုန်ခွင့်ပြုချက် ရယူရန် လိုအပ်ချက်အစီအစဉ်ကို အီးယူအဆုံးသတ်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အီးယူအတွင်း Personal Protective Equipment (PPE) များ လုံလောက်မှုရှိစေရေးအတွက် ယခုနှစ် မတ်လတွင် စတင်ပြဌာန်းခဲ့သည့် ပို့ကုန်ခွင့်ပြုချက်အစီအစဉ် (export authorization scheme) ကို ၂၆-၅-၂၀၂၀ နေ့မှစတင်၍ အဆုံး သတ်လိုက်ပြီဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ယာယီစီမံဆောင်ရွက်မှုအဖြစ် ထားရှိခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံတိုးမြှင့်ရန်အတွက် တောင်းဆိုမှုတစ်စုံတစ်ရာမရှိခဲ့သဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ပို့ကုန်ခွင့်ပြုမှုလိုအပ်ချက်အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အများပြည်သူကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ကုန်သွယ်မှု လွတ်လပ်စွာ စီးဆင်းစေခြင်းတို့အကြား ဟန်ချက်ညီစွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံမှုများအရ ပို့ကုန်တင်ပို့သူများအနေဖြင့် ယင်းပို့ ကုန်ခွင့်ပြုချက်ပေါင်း (၁၃၀၀) ကျော်ကို တောင်းခံခဲ့ကြပြီး၊ လျှောက်ထားမှုအားလုံး၏ (၉၅) ရာခိုင်နှုန်းကို ခွင့်ပြုပေးခဲ့ကြောင်း၊ အလားတူ ၂၆-၄-၂၀၂၀ နေ့မှ စတင်၍ အကာအကွယ်နှာခေါင်းစည်းပေါင်း (၁၃) သန်းကျော်၊ အကာအကွယ်ဝတ်စုံ (protective garments) အရေအတွက် (၁) သန်းဝန်းကျင်နှင့် Protective masks and visors (၃၅၀၀၀၀) ကျော် ကို အီးယူမှ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

အီးယူအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန်တွင် PPE များ ပြည်တွင်းဖူလုံမှု သေချာစေရေးအတွက် ယင်းသို့ ပို့ကုန်ခွင့်ပြုမှုလိုအပ်ချက်အစီအစဉ်ကို ၁၅-၃-၂၀၂၀ နေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၆-၄-၂၀၂၀ နေ့တွင် ပို့ကုန်ခွင့်ပြုချက်ရယူရန်လိုအပ်သည့် ပစ္စည်းများစာရင်းကို လျှော့ချ၍ ယင်းအစီအစဉ်ကို ပြင်ဆင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ အီးယူအဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် ပို့ကုန်ခွင့်ပြုချက်ပေးအပ်မှုကို မြန်ဆန်စွာ ဆောင်ရွက်ပေးရန်လိုအပ်ပြီး၊ ပို့ကုန်ခွင့်ပြုပေးမှုနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကိုလည်း အဖွဲ့ဝင်နိုင်ငံများမှ ဥရောပကော်မရှင်သို့တင်ပြရန် လိုအပ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (https://ec.europa.eu/trade)

Category: Belgium