Australia

ဂျပန်နိုင်ငံတွင် ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် ယှဉ်ပြိုင်မှု မြင့်တက်လာခြင်း

Last Updated:

လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အသစ်များသည် ဂျပန်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးကုန်စည်အချို့အတွက် ဩစတြေးလျ၏ အကောက် ခွန်နှုန်းဆိုင်ရာ အားသာချက်များကို လျော့ကျစေရာ ယခုအခါ သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် ရန် ယခင်ကထက် ပိုအရေးကြီးလာကြောင်း သိရှိရသည်။

ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ယုံကြည်စိတ်ချရသော ထောက်ပံ့မှုကို ထိန်းသိမ်းထားရန်၊ အစားအစာဘေးကင်းရေးနှင့် အရည် အသွေးသေချာမှုရှိစေရန်နှင့် ထူထောင်ထားသော လုပ်ငန်းချိတ်ဆက်မှုများကို တိုးပွားစေခြင်းဖြင့် ပို့ကုန်စဉ်ဆက်မပြတ်တင်ပို့မှုကို ထိန်းသိမ်းနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သဘောတူစာချုပ်အသစ်များဖြစ်သည့် သြစတြေးလျ- အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက်နှင့် သြစတြေးလျ-ဗြိတိန် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များသည် ဩစတြေးလျ၏ စိုက်ပျိုးရေးကုန်သွယ်မှုတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင် ကြောင်း သိရှိရသည်။ သို့သော်လည်း အနာဂတ်တိုးတက်မှုသည် ဂျပန်နိုင်ငံကဲ့သို့ တည်ထောင်ထားပြီးဖြစ်သည့် ဈေးကွက်များနှင့် ဆက်ဆံရေး ခိုင်မာစေရန် နည်းလမ်းအသစ်များကို ရှာဖွေရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သဘောတူညီချက်အသစ်များ၏ အကောက်ခွန်အစီအစဉ်ဇယားများအရ  ဂျပန်နိုင်ငံတွင် သြစတြေးလျ၏ အကောက်ခွန်နှုန်းထားအားသာချက် လျော့နည်းလာသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်သက်ဝင်ခဲ့သည့် ဂျပန်-ဩစတြေးလျ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (JAEPA) သည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် အကောက်ခွန်နှုန်းထားလျှော့ချ၊ ပယ်ဖျက်မှုများက ဩစတြေးလျ တင်ပို့သူများအတွက် အခြားတင်ပို့သူများ နှင့် ယှဉ်ပြိုင်အားသာမှုကို ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

JAEPA သည် ဩစတေးလျ ပို့ကုန်လုပ်ငန်းရှင်များကို ဩစတြေးလျ၏ အကြီးဆုံးစိုက်ပျိုးမွေးမြူရေးပို့ကုန် (၃) ခုဖြစ်သည့် အမဲသား၊ ဒိန်ခဲနှင့် ဝိုင်တို့ အတွက် ယှဉ်ပြိုင်နိုင်သည့် အခွင့်ကောင်းပေးစွမ်းခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ FTAs အသစ်များကြောင့် ဤထုတ်ကုန်များအတွက် ဩစတြေးလျနိုင်ငံ၏ အကောက်ခွန်နှင့် ခွဲတမ်းနှုန်း အားသာချက်များမှာ လျော့နည်းလာကြောင်း သိရှိရသည်။

ဂျပန်၏ မကြာသေးမီက အမေရိကန်နှင့် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) အဖွဲ့ဝင်များ နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ (FTAs) တွင် အမဲသားအတွက် အခွန်နှုန်းထားများမှာ JAEPA ထက်နည်းပါးသည်။ သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များသည် CPTPP အရ တန်းတူညီမျှစွာ ဝင်ရောက်ခွင့်ရှိသော်လည်း သြစတြေးလျသည် ၎င်း၏ အဓိကပြိုင်ဘက် များထက် အကောက်ခွန်အသာစီးရနိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

၂၄-၃-၂၀၂၂ ရက်နေ့တွင်  ဂျပန်-အမေရိကန် ကုန်သွယ်ရေးသဘောတူစာချုပ် (Japan–United States Trade Agreement- JUSTA) အရ အမဲသားအတွက် အကာအကွယ်ကို ပြင်ဆင်ရန် သဘောတူညီချက်တစ်ခုရရှိခဲ့ရာ အစီအမံအသစ်များသည် မြင့်မားသောအခွန်စည်းကြပ်မှု အန္တရာယ်ကို လျှော့ချခြင်းဖြင့် ဂျပန်နိုင်ငံရှိ အမေရိကန် အမဲသား၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်စေကြောင်း သိရှိရသည်။

ဂျပန်အမဲသားဈေးကွက်ရှိ ဩစတြေးလျ၏ဝေစုသည် ပမာဏအားဖြင့် ၂၀၁၈ တွင် ၅၁.၃% မှ ၂၀၂၁ခုနှစ်တွင် ၄၀.၁% သို့လျော့ကျသွားသည်။ ၎င်းမှာ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်နှင့် မက္ကဆီကိုနိုင်ငံတို့မှ ပြိုင်ဆိုင်မှုတိုးမြင့်လာခြင်းနှင့် သြစတြေးလျလယ်သမားများ၏ နွားများကို ပြန် လည်စုဆောင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ဩစတေးလျအမဲသားသည် ဂျပန်နိုင်ငံတွင် အထူးသဖြင့် လက်လီရောင်းချမှုကဏ္ဍတွင် အလွန်အမင်း ရေပန်းစားလျက်ရှိနေသည်။ COVID-19 ကပ် ရောဂါကို ဖြေလျှော့ပေးခြင်းဖြင့် အမဲသားဝယ်လိုအားကို ပိုမိုပံ့ပိုးပေးမည်ဖြစ်သော်လည်း ဂျပန်အမဲသားဈေးကွက်သည် လာမည့်နှစ်များတွင် ပြိုင် ဆိုင်မှုပြင်းထန်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ဒိန်ခဲတွင်လည်း JAEPA အပြင် အီးယူး၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့က ဂျပန်နိုင်ငံသို့တင်ပို့မှုအတွက် ကုန်သွယ်ရေးသဘောတူညီချက်များ အရ ကောင်းမွန်သော ဈေးကွက်ဝင်ခွင့်ရရှိထားပြီးဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံသည် ဒိန်ခဲတင်သွင်းမှုအတွက် နိုင်ငံအလိုက် ခွဲတမ်းစနစ်ကျင့်သုံး ရာ ဂျပန်ဈေးကွက်တွင် ယှဉ်ပြိုင်မှုများမြင့်တက်လာစေကြောင်းသိရှိရသည်။

JAEPA အရ လက်မှတ်ရေးထိုးစဉ်ကတည်းက ဩစတြေးလျဝိုင်များသည် ဂျပန်ဈေးကွက်တွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိနေပြီဖြစ်ပြီး၊ ဂျပန် နိုင်ငံသို့ သြစတြေးလျဝိုင်တင်ပို့မှုသည် ၂၆.၆% တိုးလာခဲ့ပြီး ၂၀၁၄  ခုနှစ်တွင် ဒေါ်လာ ၄၀.၄သန်းမှ ၂၀၂၁ ခုနှစ်တွင် ၅၁.၂ သန်းအထိ တိုးလာ ခဲ့ကြောင်း သိရှိရသည်။ ဂျပန်- ဗြိတိန် သဘောတူစာချုပ်အရ ၂၀၁၈ ခုနှစ်တွင် ဝိုင်အတွက် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိနေပြီဖြစ်သည်။ သို့သော် CPTPP နှင့် JUSTA တို့အရ ဝိုင်ကို ၂၀၂၆ ခုနှစ်တွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး၊ RCEP အရ ၂၀၃၆ ခုနှစ်တွင် အကောက်ခွန်ကင်း လွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အီးယူ၊ ချီလီနှင့် သြစတြေးလျတို့က ဝိုင်ကို အကောက်ခွန် သုညရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ ယင်းက အမေရိကန်၊ တောင်အာဖရိကနှင့် အာဂျင်တီးနား တို့ကဲ့သို့ ပြိုင်ဘက်များထက် သာလွန်ကောင်းမွန်စေပြီး၊ ဩစတေးလျဝိုင်သည် ဂျပန်နိုင်ငံတွင် ထူးထူးခြားခြား ထုတ်ကုန်တစ်ခုအဖြစ် ရှိနေသေးကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် အသစ်များက ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဂျပန်ဈေး ကွက်တွင် ယှဉ်ပြိုင်မှုများမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)
Source: Austrade

 

Category: Australia