Australia

ဂျပန်နိုင်ငံမှ အဖျော်ယမကာ ကုမ္ပဏီကြီး Frucor Suntory က ဩစတြေးလျတွင် ဩစတြေးလျဒေါ်လာ သန်း ၄၀၀ တန်ဖိုး ရင်းနှီးမြှုပ်နှံလိုက်ခြင်း

Last Updated:

ဂျပန်နိုင်ငံမှ အဖျော်ယမကာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်  Frucor Suntory က ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်တွင် စက်ရုံတည်ထောင်ရန် ဩစတြေးလျဒေါ်လာသန်း ၄၀၀ တန်ဖိုး ရင်းနှီးမြှုပ်နှံလိုက်ကြောင်း သိရှိရသည်။ အဆိုပါ စီမံကိန်းသည် ဆောက်လုပ်ရေးနှင့် တပ်ဆင်ခြင်းဆိုင်ရာ အလုပ်အကိုင်ပေါင်း ၄၅၀ ခန့်ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ စက်ရုံလည်ပတ်သည့် ရေရှည်တွင် ကဏ္ဍပေါင်း ၁၆၀ အတွက် အလုပ်အကိုင် များ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားသည်။

Frucor Suntory စက်ရုံသည် အဖျော်ယမကာအမျိုးအစားများစွာကို ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့်ဖြန့်ဖြူးပေးမည်ဖြစ်ပြီး၊ တစ်နှစ် လျှင် အချိုရည်ဗူး သန်း ၂၀ အထိ ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။ Frucor Suntory သည် ကြီးထွားလာသော သြစတြေးလျ ဈေးကွက်ကို ဝန်ဆောင်မှုပေးနိုင်ရန် အနာဂတ်တွင် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများရှိနေသည်။

Frucor Suntory သည် စက်ရုံကို ၂၀၂၂ ခုနှစ် တတိယသုံးလပတ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး၊ ၎င်းသည် ၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်လည် ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။ Frucor Suntory သည် ဩစတြေးလျနိုင်ငံတွင် ကုန်ထုတ်စက်ရုံများတွင် ရင်းနှီးမြုပ်နှံထားသည့် အခြားနိုင်ငံစုံ စားသောက်ကုန်နှင့် အဖျော်ယမကာကုမ္ပဏီများနှင့် ပူးပေါင်းရင်းနှီး မြှုပ်နှံထားကြောင်း သိရှိရသည်။

ဩစတြေးလျသည် ဘေးကင်းပြီး အရည်အသွေးမြင့် ထုတ်ကုန်များကို ထုတ်လုပ်သည့်အတွက် ကမ္ဘာတွင် နာမည်ကောင်းဖြင့် ရပ်တည်လျက်ရှိသည်။ အာရှဈေးကွက်များနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ ကွန်ယက်နှင့် နီးကပ်စွာတည်ရှိနေခြင်းသည် နိုင်ငံတကာကုမ္ပဏီများ အတွက် ဒေသတွင်းဈေးကွက်ဝင်ရောက်ခွင့်ကို ဖော်ဆောင်ပေးလျက်ရှိရာ ယင်းမှတစ်ဆင့် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍသည် သြစတြေးလျစီးပွားရေးအတွက် အကြီးဆုံး ကုန်ထုတ်ကဏ္ဍဖြစ်လာနိုင်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

Category: Australia