Australia

စင်္ကာပူအခြေစိုက် NCS ကုမ္ပဏီ၏ သြစတြေးလျနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများက ဒေသတွင်း ဒစ်ဂျစ်တယ် ဝန်ဆောင်မှု လမ်းကြောင်းဖြစ်ပေါ်စေခြင်း

Last Updated:

စင်္ကာပူအခြေစိုက် ဒစ်ဂျစ်တယ်နှင့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် NCS သည် (၁၅) လအတွင်း ယင်း၏ စတုတ္ထမြောက်ရင်းနှီးမြုပ်နှံမှုအဖြစ် သြစတြေးလျနိုင်ငံတစ်ဝှမ်း မဟာဗျူဟာမြောက် တိုးချဲ့မှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
NCS ကုမ္ပဏီသည် ဩစတြေးလျကုမ္ပဏီ ARQ Group ကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဩစတြေးလျဒေါ်လာ ၂၉၀ သန်းဖြင့် ဝယ်ယူခဲ့သည်။ မဲလ်ဘုန်း အခြေစိုက် ARQ Group သည် သြစတြေးလျ၏ တိုးတက်မှုအမြန်ဆုံး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး၊ ယင်း၏ဖောက်သည်များ သည် Australian Securities Exchange (ASX) ရှိ ထိပ်တန်းကုမ္ပဏီ ၂၀  ၏ ထက်ဝက်ပါဝင်ကြောင်း သိရှိရသည်။
သြစတြေးလျရှိ NCS ၏ ရင်းနှီးမြှုပ်နှံမှုများတွင် ARQ Group သည် နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး၊ ကုမ္ပဏီသည် ဩစတြေးလျ၏ အကြီးဆုံးပုဂ္ဂလိက ပိုင် IT ကုမ္ပဏီဖြစ်သည့်    The Dialog Group ကို ၂၀၂၂  ခုနှစ်၊ မတ်လအစောပိုင်းတွင် ဩစတြေးလျဒေါ်လာ ၃၂၅ သန်း ဖြင့်ဝယ်ယူခဲ့သည်။ ယင်း သည် သြစတြေးလျတွင် ယနေ့အထိ NCS ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သိရှိရသည်။
ဩစတြေးလျနိုင်ငံရှိ NCS ၏ ရင်းနှီးမြှုပ်နှံမှု (၄) ခုသည် စင်္ကာပူနှင့် သြစတြေးလျရှိ အစိုးရများနှင့် လုပ်ငန်းများကို ၎င်းတို့၏ ဒစ်ဂျစ်တယ်အသွင် ပြောင်းရေး ရည်မှန်းချက်များ အောင်မြင်စေရန် ကူညီပေးခြင်းဖြင့် ဒေသတွင်း ဒစ်ဂျစ်တယ်စွမ်းအားစုတစ်ခုအဖြစ် ယှဉ်ပြိုင်နိုင်သည့် လိုအပ်သော အတိုင်းအတာ၊ စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုတို့ကို ပေးဆောင် နိုင်ကြောင်း သိရှိရသည်။
NCS သည် ယင်း၏ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုနှင့် ဝန်ဆောင်မှု NCS NEXT မှတစ်ဆင့် သြစတြေးလျသုံးစွဲသူများကို ဝန်ဆောင်မှုပေးမည်ဖြစ် သည်။ မိခင်ကုမ္ပဏီ Singtel Group ၏တည်ရှိမှုကို အသုံးချကာ NCS သည် လုပ်ငန်းကို ကြီးထွားလာစေရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ NCS ပိုင်ကုမ္ပဏီများသည် သြစတြေးလျတွင် လူပေါင်း ၁,၉၀၀ ခန့်ကို အလုပ်ခန့်ထားပြီး၊ ဖောက်သည်များကို ပံ့ပိုးရန်အတွက် Tech Talent Pipeline တည်ဆောက်မည်ဖြစ်သည်။ NCS သည် မဲလ်ဘုန်းတွင် Cloud Center of Excellence ရှိပြီး၊ စင်တာသည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ cloud စီမံကိန်းလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ပံ့ပိုးပေးကြောင်း သိရှိရသည်။
Austrade သည် သြစတြေးလျရှိ NCS ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအတွက် စဉ် ဆက်မပြတ်ပံ့ပိုးကူညီမှုများပေးခဲ့ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)
Source: Austrade

 

Category: Australia