Belgium

စိန်ခေါ်မှုများရှိနေသော်လည်း အလားအလာကောင်းမွန်ရန် မျှော်လင့်ထားသည့် ဘယ်လ်ဂျီယံနိုင်ငံ ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍ

Last Updated:

ပြီးခဲ့သည့် () နှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများ ရှိခဲ့ပြီး၊ မကြုံစဖူးသော စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ဥရောပတွင် ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) သည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို ကြီးစွာ အဟန့်အတားဖြစ်စေခဲ့ပြီး၊ သီးနှံများရိတ်သိမ်းရန်အတွက် လုပ်သားခေါ်ယူရာတွင် ရှုပ်ထွေးမှုများရှိလာကြောင်း၊ စားသောက်ကုန် ထောက်ပံ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင်လည်း စားသောက်ကုန်များကို ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဓါတ်ငွေ့မလုံလောက်မှုပြဿနာများကို ကြုံတွေ့ရကြောင်း သိရပါသည်။

ထိုသို့ အခက်အခဲနှင့် စိန်ခေါ်မှုများရှိနေစေကာမူ ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍ၏ ရှေ့အလားအလာအပေါ် အကောင်းမြင်ထားဆဲဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းကဏ္ဍအနေဖြင့် ကပ်ရောဂါအကျပ်အတည်းကို ရင်ဆိုင်နေရစဉ်တွင် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသထားဆဲဖြစ်ကြောင်း ဘယ်လ်ဂျီယံ၏ စားသောက်ကုန်လုပ်ငန်း အသင်းချုပ် (Federation of the Belgian Food Industry- FEVIA) က ဆိုသည်။

စားသောက်ကုန်လုပ်ငန်းကဏ္ဍ၌ လုပ်သားရှားပါးမှုပြဿနာနှင့်ပတ်သက်၍ Brexit နှင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းတို့ ပေါင်းဆုံမိခြင်းသည် လုပ်သားရှားပါးမှု အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း၊ ကုမ္ပဏီများအားလုံးနီးပါးသည် လုပ်သားပြဿနာကို ရင်ဆိုင်နေကြရကြောင်း FEVIA ၏ ဥက္ကဌဟောင်း Jan Vander Stichele က ပြောကြားသည်။ စားသောက်ကုန်လုပ်ငန်း () ခုလှျင် () ခုသည် ဝန်ထမ်းမလုံလောက်မှုကြောင့် ၎င်းတို့၏ထုတ်လုပ်မှု နှေးကွေးကြရကြောင်း၊ အထူးသဖြင့် နည်းပညာပိုင်းကျွမ်းကျင်မှုလိုအပ်သည့် လုပ်ငန်းနယ်ပယ်များတွင် ဝန်ထမ်းမလုံလောက်မှုကို တွေ့ရကြောင်းသိရသည်။

အခြားတစ်ဖက်တွင် စားသောက်ကုန်ထုတ်လုပ်ရာ၌ သုံးသည့်ပစ္စည်းများဈေးနှုန်းသည် မြင့်တက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဓါတ်ငွေ့ဈေးနှုန်းမှာ ယခင်နှစ်ကထက် (၄၁၁) ရာခိုင်နှုန်း၊ သစ်ဈေးနှုန်းမှာ (၁၃၃) ရာခိုင်နှုန်း၊ ကွန်တိန်နာသယ်ယူပို့ဆောင်မှု (၁၄၄) ရာခိုင်နှုန်း၊ အလူမီနီယံ (၄၆) ရာခိုင်နှုန်း၊ ပလပ်စတစ်(၂၂) ရာခိုင်နှုန်းနှင့် ထုပ်ပိုးရာတွင်သုံးသည့် ကတ်ထူပြားများ (၁၇) ရာခိုင်နှုန်းတို့ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန်ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်မှာလည်း သုံးပုံတစ်ပုံ ခန့်မြင့်တက်ခဲ့ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်သည် ၂၀၂၀ ခုနှစ်၊ နှစ်လယ်ပိုင်းခန့်မှစ၍ သိသာစွာမြင့်တက်ခဲ့သဖြင့် စားသောက်ကုန်လုပ်ငန်းများ၏ အမြတ်အစွန်း မှာ စံချိန်တင်ကျဆင်းခဲ့ပြီး၊ လက်ရှိတွင် (.) ရာခိုင်နှုန်း၌သာရှိကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   https://www.brusselstimes.com/belgium-all-news/195561/belgian-food-industry-hopeful-for-future-after-exceptional-challenges

Category: Belgium