South Africa

တတိယသုံးလပတ်အတွင်းတောင်အာဖရိကနိုင်ငံ၏ မော်တော်ကား၊ သံ၊ ပလက်တီနမ် တင်ပို့မှု လျော့နည်းခဲ့ခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ၏ တတိယသုံးလပတ်အတွက် ပြည်တွင်းအသားတင်တန်ဖိုးသည် ဇူလိုင်လတွင်ဖြစ်ပေါ်ခဲ့သည့် ပြည်သူများ၏ အကြမ်းဖက်ဆန္ဒပြမှုကြောင့် များစွာကျဆင်းခဲ့ကြောင်း၊ နိုင်ငံ၏စီးပွားရေးကို ပိုမိုကျဆင်းစေသောအချက်သည် မော်တော်ကားတင်ပို့မှု များစွာကျဆင်းခဲ့ခြင်း၊ သံရိုင်းနှင့် ပလက်တီနမ်ဈေးနှုန်းများ လွန်စွာကျဆင်းခဲ့ခြင်းတို့ကြောင့်လည်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ထိခိုက်မှုများရှိခဲ့ခြင်း၊ နိုင်ငံတကာတွင် semiconductor များပြတ်လပ်ခြင်း၊ နိုင်ငံ၏ ပို့ဆောင်ရေးကွန်ပျူတာကွန်ယက် Transnet အား တိုက်ခိုက်ခံရခြင်းတို့သည် ပြည်တွင်းမော်တော်ကားထုတ်လုပ်မှုနှင့် တင်ပို့မှုများအပေါ် ထိခိုက်စေခဲ့ကြောင်း၊ ကား ထုတ်လုပ်သည့်ကုမ္ပဏီများစွာသည် မော်ဒယ်အသစ်ကားများကိုထုတ်လုပ်ရန် ကြော်ငြာထားခဲ့သော်လည်း လက်တွေ့တွင် အပြည့်အဝ ထုတ်လုပ်နိုင်ရန်အတွက် နှောင့်နှေး ကြန့်ကြာမှုများရှိခဲ့ကြောင်းသိရှိရပါသည်။

ထို့အပြင် တတိယသုံးလပတ်အတွင်း ကုန်စည်ဈေးနှုန်းများသည်လည်း မမျှော်လင့်ထားသည့် ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တောင် အာဖရိကနိုင်ငံ၏ ပလက်တီနမ်နှင့် သံသတ္တုတို့သည် စုစုပေါင်းတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းကျော် ရုတ်တရက်ကျဆင်းခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုကြောင့် သမိုင်းအစဉ် အလာအရ အဆိုပါပစ္စည်းများအား အဆင့်မြင့်စွာရောင်းချနိုင်ခဲ့သော်လည်း ဘဏ္ဍာငွေရရှိမှုကျဆင်းခဲ့ကြောင်း၊ ထို့အပြင်အစိုးရ၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ငွေကြေး သုံးစွဲမှု ရာခိုင်နှုန်းလျော့ချရန် ကြေညာချက်သည်လည်း စီးပွားရေးတိုးတက်မှုကို ထပ်မံကျဆင်းစေမည်ဖြစ်ကြောင်း၊ အစိုးရအတွက်တစ်ဖက်တွင် ကြွေးမြီပေးဆောင် ရမည့်နှုန်းသည် % အထိရှိနေကြောင်းသိရှိရပါသည်။

တောင်အာဖရိကနိုင်ငံစာရင်းအင်းဌာနက သတ္တုလုပ်ငန်းကဏ္ဍ၌ အလုပ်အကိုင်များစွာ ဆုံးရှုံးခဲ့ရကြောင်း၊ သတ္တုကဏ္ဍအပြင် အခြားအလုပ်အကိုင်ဆုံးရှုံးမှု လျှင်မြန်စွာ ဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းကဏ္ဍများမှာ လက်လီရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတို့ဖြစ်ကြောင်း၊ လက်ရှိတွင် ထုတ်လုပ်မှု ကဏ္ဍမှ ထုတ်လုပ်မှုပမာဏ မြင့်တက်နေသည်ဆိုသော်လည်း ထုတ်လုပ်မှုကဏ္ဍရှိ အလုပ်လုပ်ကိုင်နိုင်မှုအဆင့်သည် ကိုဗစ်ရောဂါ မဖြစ်ပွားခင်အဆင့်ထက် ငါးပုံတစ်ပုံ လျော့နည်းသည့်အခြေအနေတွင်ရှိနေကြောင်း သိရှိပါသည်။ အိမ်ထောင်စုများအား ငွေကြေးပိုမိုစုဆောင်းနိုင်မှုအခြေအနေကို ဖန်တီးပေးပြီး ကြွေးမြီများပြားမှုမရှိရေး လာမည့်လများအတွင်း ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.engineeringnews.co.za/article/third-quarter-real-econo my-bulletin-shows-auto-iron-platinum-export-weaknesses-2021-12-14

Category: South Africa