South Africa

တရားမဝင်ချုပ်ပြီးအထည်များတင်သွင်းမှုကြောင့် တောင်အာဖရိကနိုင်ငံ၏ အဝတ်အထည်ချုပ် လုပ်သည့်လုပ်ငန်းအားခြိမ်းခြောက်လျှက်ရှိခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ၏ အဝတ်အထည်ချုပ်လုပ်ငန်းသည် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်လျှက်ရှိ ကြောင်း၊ သို့သော် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် lockdown ကန့်သတ်ချက်များနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် အခက်အခဲ များကြောင့်  နိုင်ငံအတွင်းရှိ အထည်အလိပ်လုပ်ငန်း တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ကုမ္ပဏီများအား များစွာထိခိုက်ခဲ့သော် လည်း နယ်စပ်ဂိတ်များပိတ်ပင်မှုကြောင့် ပြည်တွင်းကုမ္ပဏီများသည် ပြည်ပမှတင်သွင်းသော ကုန်ကြမ်းများအပေါ် မှီခိုရခြင်းထက် ပြည်တွင်းမှရရှိသော ကုန်ကြမ်းပစ္စည်းများကို ပိုမိုဝယ်ယူအသုံးပြုလာရသည့် အခြေအနေရှိခဲ့ကြောင်း တောင်အာဖရိကနိုင်ငံ အထည် အလိပ်လုပ်ငန်း၏ ၂၀၂၁ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ၏ မကြာသေးမီက အကောင်အထည်ဖော်ခဲ့သော အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်း masterplan အရ ပြည်တွင်းရှိ အဓိကအဝတ်အထည်လက်လီရောင်းချသူများအနေဖြင့် ၎င်းတို့၏ အရောင်းဆိုင်များတွင် ပြည်တွင်း၌ချုပ်လုပ် သည့်အဝတ်အထည်များကို ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူရောင်းချရန်နှင့် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ၆၅ ရာခိုင်နှုန်းအထိ ဝယ်ယူရောင်း ချရန် ကတိကဝတ်ပြုထားကြောင်း၊ လက်ရှိတွင် စီးပွားရေးကျဆင်းမှုသည် အဝတ်အထည်ကုန်သွယ်မှုကို များစွာထိခိုက်ပြီး စားသုံး သူများ၏ ဝယ်ယူနိုင်မှုအကန့်အသတ်ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံအတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့မှစတင်၍ စားသုံးသူများ ဈေးဆိုင်များတွင် ကိုယ်တိုင်ဝယ်ယူနိုင် ရေး ကန့်သတ်မှုများရှိခဲ့သည့်အတွက် online မှတစ်ဆင့် လက်လီရောင်းချမှုများ တစ်ရှိန်ထိုးမြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း လက်လီရောင်းချသည့်ဆိုင်အသစ်များ အနည်းငယ်သာဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် တောင်အာဖရိကနိုင်ငံ အဝတ်အထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် နာမည်ကြီး အဝတ်အထည်အတုအပထုတ်လုပ်မှုနှင့် တရားမဝင် တင်သွင်းနေမှု သည် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေကြောင်း၊ ထိုသို့ အကောက်ခွန်ပေး ဆောင်မှုကိုကျော်လွှားခြင်းနှင့် အမှန်တင်သွင်းမှု ဖော်ပြဆောင် ရွက်ခြင်းမရှိခြင်းတို့သည် အကောက်ခွန်ဌာနမှ အဂတိလိုက်စားသည့် အရာရှိများက ပါဝင်ကူညီဆောင်ရွက်ပေးနေသည့်အတွက် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                           

Source:           https://www.globenewswire.com/news-release/2022/02/23/2390341 /2 8 124/en/Smuggling-of-Illegal-Consignments-of-Clothing-into-South-Afr i ca-Presents-Ongoing-Threat-to-the-Viability-of-South-Africa-s-Clot h i ng -Industry.html

Category: South Africa