South Africa

တောင်အာဖရိက ကြက်သားထုတ်လုပ်သူများအသင်းက ကြက်သားအပေါ်ကောက်ခံနေသည့် အခွန်များအားဖယ်ရှားပါက ပြည်တွင်းအလုပ်အကိုင်များအား ဖျက်စီးရာရောက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ အသားတင်သွင်း၊ တင်ပို့သူများအသင်းက ကြက်သားအပေါ် ကောက်ခံသည့်အခွန်အား ၃ နှစ်ပယ်ဖျက်ပေးရန်တောင်းဆိုမှု သည် စီးပွားရေးအရအန္တရာယ်ကြီးကြောင်း တောင်အာဖရိကနိုင်ငံ ကြက်သားထုတ်လုပ်သူများအသင်း ဉက္ကဌ Izaak Breitenbach ကပြောကြား ထားကြောင်း၊ အကောက်ခွန်ဖယ်ရှားမှုသည် လက်ရှိ အစားအစာဈေးနှုန်း၊ စက်သုံးဆီနှင့် ဓါတ်မြေဩဇာဈေးနှုန်းမြင့်တက်မှုနှင့် ယူကရိန်းနိုင်ငံ ပဋိပက္ခကြောင့် မြင့်တက်နေသည့် ကုန်ဈေးနှုန်းလျော့ကျနိုင်မှုအတွက် အထောက်ကူပြုမည်မဟုတ်ကြောင်း၊ အကောက်ခွန်ဖယ်ရှားမှုသည် စားသုံး သူများအပေါ်သာအဓိကထိခိုက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

အကောက်ခွန်ဖယ်ရှားမှုသည် လွန်ခဲ့သော ၃ နှစ်အတွင်း အသားတင်သွင်း၊ တင်ပို့သူများ တင်သွင်းနိုင်မှုပမာဏလျော့နည်းသွားမှုကြောင့် အကျိုး အမြတ်ထိခိုက်မှုအတွက်သာ ပြန်လည် အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မညီမျှသောဈေးနှုန်းများဖြင့် ပြည်တွင်းသို့ကြက်သားများ စုပုံတင် သွင်းနေမှုကြောင့် တောင်အာဖရိကနိုင်ငံ ကြက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်း၏ ပြည်တွင်းကြက်သားဈေးကွက်ကို ခြိမ်းခြောက်လျှက်ရှိကြောင်း၊ အဓိကထိခိုက်မည့်သူများမှာ ပြည်တွင်း ကျေးလက်နေပြည်သူများအတွက် အဓိကစီးပွားရေးကျောရိုးဖြစ်သည့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများ အဖြစ်ဆောင်ရွက်နေသည့် တစ်ပိုင်တစ်နိုင် မွေးမြူထုတ်လုပ်နေသူများဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ ကြက်သားဈေးကွက်သည် ၂၀၁၈ ခုနှစ် နှစ်များအထိ ပြည်တွင်းသို့ဈေးနှုန်း လျော့ချတင်သွင်းသည့် ကြက်သားများဖြင့် ပြည့်လျှံခဲ့ရကြောင်း သိရှိရပါသည်။

 

ကြက်သားလုပ်ငန်းနှင့်ပတ်သက်၍ အထူးစီမံချက်အား ၂၀၁၉ ခုနှစ်တွင် အစိုးရကရေးဆွဲပြဌာန်းပေးခဲ့ကြောင်း၊ ထိုသို့ချမှတ်အကောင်အထည်ဖော်မှု သည် ပြည်ပမှ တင်သွင်းသည့် ကြက်သားများကို လျော့ချ၍ ပြည်တွင်းထုတ်လုပ်မှု ပိုမိုဆောင်ရွက်နိုင်ရန်၊ ပို့ကုန်ဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ပြည် တွင်းအလုပ်အကိုင် ၅,၀၀၀ ဖန်တီးပေးနိုင်ရန်ဖြစ်ကြောင်း၊ အဆိုပါစီမံချက်၌ တောင်အာဖရိကနိုင်ငံ ကြက်မွေးမြူထုတ်လုပ်သူများသည် ကတိ ကဝတ်ပြုထားသည့်အတိုင်း ရန်း ၁ ဘီလီယံ အထိရင်းနှီးမြှုပ်နှံထားပြီး အလုပ်ကိုင် ၁,၂၆၈ ကိုဖန်တီးပေးပြီးဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ ကြက်မွေးမြူရေးလုပ်ငန်းသည် နိုင်ငံ၏ ရန်း ၅၀ ဘီလီယံအား မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံထားသည့် အမျိုးသားအဆင့် စီးပွားရေးလုပ်ငန်း ဖြစ်သကဲ့သို့ အလုပ်ကိုင် ၁၀၀,၀၀၀ ကျော်အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖန်တီးပေးရန် တာဝန်ရှိသည့် လုပ်ငန်းလည်းဖြစ်ကြောင်း၊ ထို့အပြင် အစားအစာဖူလုံမှုအတွက် အဓိကအရေကြီးသည့် လုပ်ငန်းလည်းဖြစ်ကြောင်း သိရှိရပါသည်။        

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                                                                               

Source:           https://www.engineeringnews.co.za/article/removal-of-poultry-import-tariffs-will-destroy-domestic-jobs-says-sapa-2022-04-22

Category: South Africa