South Africa

တောင်အာဖရိကနိုင်ငံ ကြံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အစိုးရ၏ သကြားအခွန်တိုးမြင့်မှု ဆိုင်းငံ့ထားခြင်းကို ကြိိုဆိုပြောကြားခဲ့ခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ ကြံစိုက်ပျိုးထုတ်လုပ်သူများသည် ဘဏ္ဍာရေးဝန်ကြီး Enoch Godongwana က ကျန်းမာရေးမြှင့်တင်မှုအခွန် တစ်နည်းအားဖြင့် သကြားအခွန်ထပ်မံကောက်ခံရန် စီစဉ်နေမှုအား ၁၂ လကြာ ရက်ရွှေ့ဆိုင်းပေးမှု ကြေညာချက်အပေါ် ကြိုဆိုသည် ကို ပြောကြားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ၌ ဘဏ္ဍာရေးဝန်ကြီးကြေညာခဲ့သည့် သကြားပါဝင်မှု တစ်ဂရမ်လျှင် ၂.၂၁ ပြားမှ ၂.၃၁ ပြား အထိ အခွန်တိုးမြှင့်ကောက်ခံရန်နှင့် ကောက်ခံမှုအား ဧပြီလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ရန်ဖြစ်သော်လည်း ယခုအခါ အဆိုပါ ကြေညာချက်အား ရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သကြားအခွန်ကောက်ခံရန် ရပ်ဆိုင်းပေးခြင်းကို တောင်အာဖရိကနိုင်ငံ၏ ကြံစိုက်ပျိုးမှု အနည်းငယ်သာဆောင်ရွက်နိုင်သည့် စိုက်ပျိုး သူများက အဓိကကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း၊ သကြားအခွန် စတင်ကောက်ခံခဲ့သည့် ပထမနှစ်တစ်နှစ်အတွင်း ကြံစိုက်ပျိုးသည့် လုပ်ငန်းကဏ္ဍရှိ အလုပ်အကိုင်ပေါင်း ၁၆၀၀ နှင့် ရန်း ၂.၀၅ ဘီလီယံအထိ ထိခိုက်မှုရှိခဲ့ကြောင်း၊ သကြားအခွန်အား အစိုးရအနေဖြင့် ပြည်တွင်းအဝလွန်ရောဂါလျော့ချနိုင်ရေး ရည်မှန်းချက်ဖြင့် ၂၀၁၈ ခုနှစ်က စတင်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန် အထိ အစိုးရအနေဖြင့် သကြားအခွန်ကောက်ခံခဲ့မှုကြောင့် ပြည်တွင်းအဝလွန်အဆင့် ကျဆင်းသွားသည့် တိကျသည့်သက်သေဖော် ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ ကြံစိုက်ပျိုးသူများအသင်း၏ အလုပ်အမှုဆောင်အရာရှိချုပ် Thomas Funke က ကြံစိုက်ပျိုးသူများအဖွဲ့နှင့် အစားအစာနှင့် စိုက်ပျိုးရေးမူဝါဒဗျူရိုတို့၏ လေ့လာဖော်ထုတ်ချက်အရ သကြားအခွန်အား လက်ရှိကောက်ခံနေသည့် အဆင့်တွင် ဆက်လက်ကောက်ခံနေပါက သကြားလုပ်ငန်းအတွက် ရာသီချိန်အလုပ်အကိုင် ၁၅၉၈၄ နှင့် ရာသက်ပန်ဝန်ထမ်းလုပ်ငန်းများကို ထိခိုက်နိုင်ကြောင်း၊ ထိုသို့ထိခိုက်မှုသည် နောင် ၁၀ နှစ်အတွင်း ကြံစိုက်ပျိုးမှုဧရိယာဟတ်တာ ၄၆၆၀၀ အထိ လျော့ကျနိုင်သည့် အကြောင်းအရင်းဖြစ်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စီမံထားသည့်အတိုင်း သကြားအခွန်အား ဆက်လက်ကောက်ခံပါက အလုပ် အကိုင်နှင့် ဝင်ငွေများ ပိုမိုထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်ကို သိရှိရပါသည်။

လက်ရှိတွင် သကြားလုပ်ငန်းအနေဖြင့် ဒီဇယ်ဈေးနှုန်းမြင့်တက်မှုအပါအဝင် အခြားသွင်းအားစုဈေးနှုန်းများ မြင့်တက်သည့် စိန်ခေါ်မှု များနှင့် ကြုံတွေ့နေရကြောင်း၊ ဒီဇယ်ဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုအခါ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လျှက်ရှိကြောင်း၊ အလားတူ  ဓာတ်မြေဩဇာဈေးနှုန်းသည်လည်း မြင့်တက်လျှက်ရှိပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ၁၆၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လျှက်ရှိကြောင်း၊ အစိုးရအနေဖြင့် သကြားခွန်ကောက်ခံမှု ဆိုင်းငံ့ပေးရန် ကြေညာမှုသည် ကြံစိုက်ပျိုးသူများအတွက် ရေတိုသက်သာရာရရှိခဲ့ကြောင်း၊ ထိခု့ကြောင့် အစိုးရအနေဖြင့် ရေရှည်အတွက် စဉ်းစားပေးနိုင်ရန် ကြံစိုက် ပျိုးထုတ်လုပ်သူများအဖွဲ့က ပူးပေါင်‌ေးဆာင်ရွက်သွားမည်ဖြစ်ကြေင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီးတိုးရီးယားမြို့)

Source: https://www.engineeringnews.co.za/article/sa-canegrowers-welcomes-delay-in-sugar-tax-increase-2022-04-04/rep_id:4136

 

 

 

 

 

Category: South Africa