South Africa

တောင်အာဖရိကနိုင်ငံ စားသုံးသူများအတွက် အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှုပိတ်ပင်လိုက်မှုကြောင့် အစားအစာဈေးနှုန်းများမြင့်တက်မှုနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံရှိ စားသုံးသူများအနေဖြင့် အစားအသောက်ထုတ်လုပ်မှုတွင် များစွာအသုံးပြုသည့် စားအုန်းဆီတင်ပို့မှုအား အင်ဒိုနီးရှားနိုင်ငံက ပိတ်ပင်ခဲ့သဖြင့် အစားအသောက်ဈေးနှုန်းများ မြင့်တက်မည့်အခြေအနေနှင့် ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပိတ်ပင်မှုသည် ကမ္ဘာ့ဟင်းသီးဟင်း ရွက်ဆီဈေးကွက်၏ ဈေးနှုန်းအပေါ်သို့လည်း များစွာထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားသူသုံးသူများအတွက် ဈေးနှုန်း များမြင့်တက်လာမှုမှ ကာကွယ်နိုင်ရန် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံသည် လက်ရှိတွင်ဟင်းသီးဟင်းရွက်ဆီအား အသားတင်တင်သွင်းနေရသည့်နိုင်ငံဖြစ်ပြီး စားအုန်းဆီထုတ်လုပ်နိုင်သည့် သဘာဝ ပတ်ဝန်းကျင်ရှိနိုင်သည့် နိုင်ငံမဟုတ်ကြောင်း၊ စားအုန်းဆီအား အစားအသောက်နှင့် အစားအသောက်မဟုတ်သော ပစ္စည်းများထုတ်လုပ်မှုတွင် ကုန် ကြမ်းအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိသောကုန်စည်တစ်ခု ဖြစ်ကြောင်း၊ စားအုန်းဆီတင်ပို့မှုပိတ်ပင်မှုသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်စေနိုင်သကဲ့သို့ လာမည့်နှစ်လယ်အချိန်ကာလတွင် စပ်ဆက်ထုတ်လုပ်သည့် ကုန်စည်များ ဈေနှုန်းမြင့်တက်လာမည်ဖြစ် ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်စာရင်းများအရ စားအုန်းဆီဈေးကွက်ဝေစုသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ စုစုပေါင်း၏ ၃၅.၄ ရာခိုင်နှုန်း၊ ပဲပုတ်ဆီသည် ၂၈.၃ ရာခိုင်နှုန်းနှင့် နေကြာဆီသည် ၁၀.၃ ရာခိုင်နှုန်းအထိ အသီးသီးပါဝင်လျှက်ရှိကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်ငံတည်းအနေဖြင့် လွန်ခဲ့သော ၅ နှစ်တွင်း စာအုန်းဆီထုတ်လုပ်မှုသည် ကမ္ဘာ့စားအုန်းဆီးထုတ်လုပ်မှု စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းအထိရှိပြီး မလေးရှားနိုင်ငံသည် ၂၆ ရာခိုင်နှုန်းအထိ ထုတ်လုပ်လျှက်ရှိကြောင်း၊ ကမ္ဘာ့အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ဟင်းသီးဟင်းရွက် ဆီအညွှန်းကိန်း ဖော်ပြချက်အရ လစဉ် ၂၃.၂ ရာခိုင်နှုန်းမြင့်တက်လျှက်ရှိပြီး တစ်နှစ်ပတ်လုံးအနေဖြင့် ၅၆.၁ ရာခိုင်နှုန်းမှ ၂၄၈ အမှတ်များအထိ မှတ်တမ်းတင်မြင့်တက်လျှက်ရှိကြောင်း၊ ထို့ကြောင့် လာမည့်နှစ်လယ်ကာလအတွင်း ကမ္ဘာ့စားသုံးဆီဈေးကွက်သည် ဆက်လက်မြင့်တက်မည့် အခြေ အနေရှိကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံသည် နေကြာဆီထုတ်လုပ်လျှက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီချိန်တွင် နေကြာဆီတန်ချိန် ၉၆၃,၀၀၀ အထိ ထုတ်လုပ်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်မှုသည် လွန်ခဲ့သော ၂၄ နှစ်အတွင်း အများဆုံးထုတ်လုပ်နိုင်ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.iol.co.za/business-report/economy/sa-consumers-can-expect-higher-food-prices-after-indonesia-bans-export-of-palm-oil-de5b23f6-36ea-4bc6-8ec4-761b5f9f4379

Category: South Africa