South Africa

တောင်အာဖရိကနိုင်ငံ ပလတ်စတစ် ပပျောက်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် တန်ဖိုး မြှင့်ကွင်းဆက်တစ်လျှောက်ပူးပေါင်းဆောင်ရွက်မှုတွင်ထိရောက်မှုရှိခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ ပလတ်စတစ်ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ကုန်ပစ္စည်းတန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက် သည် စီးပွားရေးလုပ်ကိုင်သူများ၊ အစိုးရ၊ ထုတ်လုပ်မှုတာဝန်ရှိသည့်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လက်လီရောင်းချသူများအကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ၂၀၂၅ ခုနှစ်တွင် ပလတ်စတစ်အသုံးပြုမှုပပျောက်ရေး၊ အသုံးပြုပြီးပလတ်စတစ်များအား ပြန်လည်အသုံးပြုနိုင်ရေးနှင့် ပြန်လည်ပြုပြင်ထုတ်လုပ် နိုင်ရေး ဉီးတည်ချက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါအစီအစဉ်တွင် ပါဝင်သူများအနေဖြင့် အန္တရာယ်ပေးသည့် ပလတ်စတစ်များပပျောက်ရေး၊ စူပါမားကတ်များ၏ ဈေးရောင်းစင်တာများတွင် ပလတ်စတစ်ဖြင့် ထုတ်ပိုးရောင်းချမှုပမာ ဏလျော့ချနိုင်ရေးနှင့် တောင်အာဖရိကနိုင်ငံအတွင်း ပလက်စတစ်အား ပြန်လည်အသုံးပြုနိုင်သည့်စနစ် တည်ထောင်မှုကို အထောက်အကူပြု သည့် ဆန်းသစ်တီထွင်နိုင်သည့် စီးပွားရေးပုံစံအား စုပေါင်းတည်ထောင်နိုင်ရေးတို့အား ကြိုးပမ်းလျက်ရှိကြောင်း၊ အဆိုပါအစီအစဉ်သည် လက်လီရောင်းချသူများသို့ လည်း ရေရှည်အရည်အသွေးရှိသည့် ကုန်ပစ္စည်းများ တီထွင်ဖန်တီးနိုင်ရေး အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအချက်ကို အဓိထားထည့်သွင်းစဉ်းစားပြီး စီးပွားရေးအရအစဉ်ပြေနိုင်သည့် နည်းလမ်းများကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိက ပလတ်စတစ်ပပျောက်ရေးအစီအစဉ်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်း ပြဿနာဖြေရှင်းနိုင်မှုနှင့် သဘာပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရေးကို ဉီးတည်သည့် ပြန်လည်အသုံးပြုနိုင်သည့် ပလတ်စတစ်စီးပွားရေးစနစ်အဖြစ်သို့ ဉီးတည်နိုင်ရေးရည်ရွယ်ကြောင်း၊ ယခု အကောင်အထည်ဖော်နေသည့် အစီအစဉ်သည် ယခင်ဆောင်ရွက်သည့် အစီအစဉ်များနှင့် နှိုင်းယှဉ်လျှင် တိကျပြီး ရည်မှန်းချက်ပန်းတိုင်ရှိကာ နှစ်စဉ်တိုးတက်မှုကိုလည်း မြင်တွေ့နေရပြီဖြစ်ကြောင်း၊ ရည်မှန်းချက် ပန်းတိုင်အတိုင်း ၂၀၂၅ ခုနှစ်မတိုင်မီ ပြောင်းလဲမှုများဖြစ်ပေါ်နိုင်ရေးဖြစ်ကြောင်း၊ ပလတ်စတစ်ပြဿနာသည် အစိုးရတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းရနိုင်သော ကိစ္စမဟုတ်ကြောင်း၊ အထိရောက်ဆုံးပြောင်းလဲနိုင်သည့် နည်းလမ်းသည် တစ်ဉီးချင်းစီတိုင်းက ပလတ်စတစ်ကို တာဝန်ယူမှုဖြင့်အသုံးပြု၍ စွန့်ပစ်နိုင်သည့် အခြေအနေ အပေါ်တွင်မူတည်ကြောင်း၊ ပလတ်စတစ်ပြဿနာသည် တောင်အာဖရိကနိုင်ငံတွင် တစ်ခုတည်းသောပြဿနာမဟုတ်ကြောင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်ဖြေရှင်းရေးကွန်ယက် အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပလတ်စတစ်ပပျောက်ရေး ကွန်ယက်သို့ ၂၀၁၉ ခုနှစ်တွင် စတင် ချိတ်ဆက်ခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံသည် ပလတ်စတစ်အား မည်သည့်အခါမှ စွန့်ပစ်ပစ္စည်းများမဖြစ်စေရေး သေချာအောင်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.engineeringnews.co.za/article/sa-plastics-pact-an-effecti ve-platform-for-value-chain-collaboration-2021-12-15

Category: South Africa