South Africa

တောင်အာဖရိကနိုင်ငံတွင် ဂက်စ်ရရှိမှုလျော့နည်းမှုကြောင့် နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချရေး စီစဉ်ဆောင်ရွက်နေမှုကို အခက်အခဲဖြစ်စေခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် သုညအထိ လျော့ချရေးမဟာဗျူဟာအတွက် ဂက်စ်ဓါတ်ငွေ့ရရှိမှုသည် အဓိကအခန်းကဏ္ဍက ပါဝင်လျှက်ရှိ ကြောင်း၊ သို့သော် တောင်အာဖရိကနိုင်ငံအတွက် ဂက်စ်အဓိကရရှိသည့် မိုဇမ်ဘစ်နိုင်ငံ၏ Pande-Temane ဂက်စ်အရံသိုလှောင်ထားမှုများ လျော့နည်းလာသည့် အတွက် ၂၀၂၅ ခုနှစ်မှစတင်ပြီး ဂက်စ်ရရှိမှုအတွက် အခက်အခဲများဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုသည် နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချရေးဆောင် ရွက်နေမှုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ၏ လက်ရှိဂက်စ်ဓါတ်ငွေ့သုံးစွဲမှုသည် တစ်နှစ်လျှင် kilojoule ယူနစ်ပေါင်း ၁၈၀ တြီလီယံအထိရှိကြောင်း၊ ဂက်စ်အား အခြားစက်သုံးဆီအရည် ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများတွင် အဓိကသုံးစွဲလျှက်ရှိကြောင်း၊ ဂက်စ်တန်ဖိုးကွင်းဆက်တစ်လျှောက်၌ အလုပ်အကိုင် ၄၆,၀၀၀ မှ ၅၆,၀၀၀ အထိ ဖန်တီးပေး လျှက်ရှိပြီး နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးအတွက် ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်းအကြား ပံ့ပိုးပေးလျှက်ရှိကြောင်း၊ တောင်အာဖရိကနိုင်ငံအတွက် လိုအပ်သော ဂက်စ်များအား မိုဇမ်ဘစ်နိုင်ငံ Pande-Temane ဂက်စ်ထုတ်လုပ်မှုမှ ပိုက်လိုင်းများဖြင့် သွယ်တန်း၍ အများဆုံးရရှိခြင်းဖြစ်ကြောင်း၊ သို့သော် Pande-Temane အရံ သိုလှောင်နိုင်မှုမှ ဂက်စ်ရရှိမှုသည် ၂၀၂၅ ခုနှစ်နောက်ပိုင်း ကျဆင်းလာနိုင်ကြောင်း၊ ထို့ကြောင့် အနာဂတ်ကာလတွင် ဂက်စ်အပိုရရှိနိုင်မှုမရှိပါက ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချရေးအတွက် ဂက်စ်အသုံးပြုနေသော စွမ်းအင်နှင့် စက်မှုလုပ်ငန်းကဏ္ဍများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာထုတ်လုပ်သည့် ကျောက်မီးသွေးနှင့် ဒီဇယ်များ ကို ပြန်လည်အသုံးပြုရမည်ဖြစ်သဖြင့် နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချရေးလုပ်ငန်းစဉ်အတွက် ပြန်လည်ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ အထိကာလတိုအတွင်း Pande-Temane တွင် ဂက်စ်အရံသိုလှောင်မှုကို အားပေးစေရန် သဘာဝဂက်စ်အရည် (Liquified natural gas-LNG) အသုံးပြုခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိတွင် LNG များကို မိုဇမ်ဘစ်နိုင်ငံ၏ Matola ဆိပ်ကမ်းများရှိ ဂက်စ်တင်ဆောင်ထားသည့် သင်္ဘောများဖြင့် တောင် အာဖရိကနိုင်ငံရှိ Richards Bay Coega နှင့် Saldanha ဆိပ်ကမ်းတို့မှ ရရှိနေခြင်းဖြစ်ကြောင်း၊ ရေရှည်တွင် တောင်အာဖရိကနိုင်ငံအတွက် Brulpadda နှင့် Luiperd ဂက်စ်ရှာဖွေရေးလုပ်ငန်းဧရိယာများမှ ရရှိနိုင်သည်ဆိုသော်လည်း လက်ရှိတွင် တူးဖော်ရေးနည်းပညာဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသေးကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အစိမ်းရောင်ဟိုက်ထရိုဂျင်နှင့် စွမ်းအင်များကို ဂက်စ်အစားထိုးအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားသင့်ကြောင်း ဖော်ပြထားသည်ကို သိရှိရပါ သည်။         

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.news24.com/fin24/economy/shortage-of-gas-could-derail-sas-plans-to-decarbonise-20220221

Category: South Africa