South Africa

တောင်အာဖရိကနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် သတ်မှတ် ထားသည့် ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကျော်လွန်၍ ကုန်သွယ်မှု ပြုနိုင်ခဲ့ခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်မှုသည် နှစ်နိုင်ငံ ခေါင်းဆောင်များသဘောတူ ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကျော်လွန်၍ အမေရိကန် ဒေါ်လာ ၁၁.၆ ဘီလီယံအထိ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် တားမြစ်ချက်များ ချမှတ်ထားသည့်ကြားမှ စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အိန္ဒိယနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့အကြားတွင် တလှည့်စီဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် အွန်လိုင်းကုန်စည်ပြပွဲများနှင့် ရောင်းသူနှင့် ဝယ်သူတွေ့ဆုံမှုများကို အလှပန်းအိုး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပုံနှိပ်လုပ်ငန်းနှင့် အထည်အလိပ်ကဏ္ဍများနှင့် ပတ်သက်၍ ပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြင့်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် အစားအစာ ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် လက်မှုပညာလုပ်ငန်းတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံဝယ်သူနှင့် ရောင်းသူတွေ့ဆုံဆွေးနွေးပွဲများတက်ရောက်နိုင်ရေး ကိုယ်စားလှယ်များစေလွှတ်ခဲ့ကြောင်း၊ အနာဂတ်ကာလတွင်လည်း ကုန်သွယ်မှုတိုးမြှင့် နိုင်ရေးကို ဟင်းခတ်အမွှေးအကြိုင်၊ သတင်းအချက်အလက်နည်းပညာ၊ ဆက်သွယ်ရေး၊ သတ္တုလုပ်ငန်း၊ ဆေးနှင့်ချုပ်ပြီးအဝတ်အထည်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ကုမ္ပဏီ ၁၅၀ ကျော်သည် တောင်အာဖရိကနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားပြီး တောင်အာဖရိကနိုင်ငံသား ၂၀,၀၀၀ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်း၊ နည်းပညာကျွမ်းကျင်မှု၊ စွန့်ဦးတီထွင်မှု၊ ဝင်ငွေနှင့် ကြွယ်ဝချမ်းသာမှုကို အပြန်အလှန်ပံ့ပိုး ပေးနိုင်လျှက်ရှိကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင် ၁၈၆၀ခုနှစ်ကတည်းက တောင်အာဖရိကနိုင်ငံသို့ အိန္ဒိယနိုင်ငံသားများ ရွှေ့ပြောင်း နေထိုင်၍ လူဖြူ၊ လူမဲခွဲခြား ဆက်ဆံသည့် စနစ်အားအတူတကွတွန်းလှန်ပြီး လွတ်လပ်သည့် နိုင်ငံသားပေါင်းစုံ ပါဝင်သည့် ဒီမိုကရက်တစ် တောင်အာဖရိကနိုင်ငံထူထောင်မှုတွင် ပါဝင်ပေးခဲ့သည့်အတွက် နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရရင်းနှီးခိုင်မှုခိုင်မာခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် သမ္မတ Nelson Mandela နှင့် အိန္ဒိယဝန်ကြီးချုပ် HD Veve Gowda တို့က The Red Fort Declaration ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး ကောင်းမွန် နိုင်ရေးဖန်တီးပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း အိန္ဒိယနိုင်ငံနှင့် တောင်အာဖရိက နိုင်ငံတို့သည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များအကောင်အထည် ဖော်နိုင်ရေးအတွက် အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:       https://www.business-standard.com/article/economy-policy/India- south-africa-trade-exceeds-10-billion-target-set-by-leaders-12201 2700085 1.html

Category: South Africa