South Africa

တောင်အာဖရိကနိုင်ငံသကြားအဖွဲ့အစည်းက အစိုးရထံ ပြည်တွင်းသကြားထုတ်လုပ်သူများအား ကတိကဝတ်ပြုထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရန်တောင်းဆိုခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံသမ္မတ Ramaphosa က ယခုနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာ၌ အစိုးရဌာနများနှင့် နိုင်ငံအဆင့် အဖွဲ့အစည်းများအနေဖြင့်  တောင်အာဖရိကနိုင်ငံ ကြံတန်ဖိုးမြှင့်ကွင်းဆက်အထူးစီမံချက် (The South African Sugarcane Value Chain Masterplan) တွင် ကတိကဝတ်ပြုထားသည့်အတိုင်း ပြည်တွင်းထုတ်သကြားများဝယ်ယူရေးကို အကောင်အထည်ဖော်နိုင် ရန် ကြေညာခဲ့ခြင်းသည် တောင်အာဖရိက သကြားထုတ်လုပ်သူများအတွက် လွန်စွာအရေးကြီးသည်ကို ကြံစိုက်ပျိုးထုတ်လုပ်သူ များအဖွဲ့ ဉက္ကဌ Andre Russell ကပြောကြားခဲ့ကြောင်း၊ သမ္မတအနေဖြင့် ယခင်နှစ်တွင်လည်း အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်း များအား ပြည်တွင်းသကြားများဝယ်ယူရေး တွန်းအားပေးခဲ့ကြောင်း၊ သို့သော် အဆိုပါကတိကဝတ်ပြုမှုအား ပုဂ္ဂလိကကဏ္ဍက ပြည်တွင်းသကြားလုပ်ငန်းကို အထောက်အကူပြုစေရန် အကောင်အထည်ဖော်ပေးနိုင်ခဲ့သော်လည်း အစိုးရကဏ္ဍများအနေဖြင့် လက်တွေ့တွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ ကြံစိုက်ပျိုးသူများအသင်းက သမ္မတ၏ စီးပွားရေး ပြန်လည်နာလန်ထူလာစေရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ် အကိုင်ဖန်တီးပေးနိုင်ရေးကို ဆောင်ရွက်နိုင်ရန် ကြံတန်ဖိုးမြှင့်ကွင်းဆက် အထူးစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်နိုင်ရန် Masterplan တွင် ပါဝင်လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းအားလုံးမှ ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ အထူးစီမံကိန်းပါ ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းသည် ပြည်ပမှ သကြားတင်သွင်းမှုကြောင့် ပြည်တွင်းစီးပွားရေးနှင့် အလုပ်အကိုင်များကို ခြိမ်းခြောက်နေခြင်းအား ဖြေရှင်းနိုင်ရန်ဖြစ်ကြောင်း၊ အထူးစီမံကိန်း၌ကတိကဝတ် ပြုမှုအရ အကောင်အထည်ဖော်သည့် ပထမနှစ်တွင် ပြည်တွင်းထုတ်သကြား ၁၅၀,၀၀၀ တန်ဝယ်ယူသုံးစွဲနိုင်ရေးနှင့် တတိယနှစ်တွင် တန်ချိန် ၃၀၀,၀၀၀ အထိ ဝယ်ယူသုံးစွဲနိုင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

အဆိုပါရည်မှန်းချက်ပြည့်မီရန် Masterplan က လက်လီးရောင်းချသူများ၊ လက္ကားရောင်းချသူများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသုံး ပြုသူများအား ပြည်တွင်းထုတ်သကြားကို ၈၀ ရာခိုင်နှုန်းဝယ်ယူရေးနှင့် တတိယနှစ်တွင် ၉၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဝယ်ယူရန်ဖြစ် ကြောင်း၊ တောင်အာဖရိက ကြံစိုက်ပျိုးသူများက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စားသုံးသူများအနေဖြင့် ပြည်တွင်းသကြားများ ဝယ်ယူရေးအတွက် “Home Sweet Home” ခေါင်းစဉ်ဖြင့် လှုံဆော်စည်းရုံးမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်မှုကြောင့် ပထမနှစ် ပြည်တွင်းသကြားဝယ်ယူသုံးစွဲနိုင်မှုသည် တန်ချိန် ၂၀၀,၀၀၀ အထိရှိခဲ့သည့်အတွက် Masterplan ၏ ပထမနှစ်ရည်မှန်း ချက်ကို ကျော်လွန်ပြည့်မီခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါ တတိယနှစ်ရည်မှန်းချက်ကို ပြည့်မီအောင်ကြိုးစားဆောင်ရွက်ရန်ဖြစ် ကြောင်း၊ ထိုသို့အကောင်အထည်ဖော်နိုင်ရန် သမ္မတအနေဖြင့် အစိုးရကကတိကဝတ် ပြုထားသည့်အတိုင်း အကောင်အထည်ဖော် နိုင်ရေး သေချာစေရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း ကြံအသင်းဉက္ကဌ ကပြောကြားထားကြောင်း သိရှိရပါသည်။              

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.engineeringnews.co.za/article/sugar-organisation-calls-on-government-to-honour-local-commitments-2022-02-09/rep_id:4136

 

Category: South Africa