South Africa

တောင်အာဖရိကနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း အနီရောင်အသားများ ဉီးစားပေးတင်ပို့နိုင်ရန် လိုအပ်နေခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း အနီရောင်အသားများပြည်ပသို့ တင်ပို့မှုကို တိုးမြှင့်နိုင်ခြင်းမရှိပါက နိုင်ငံအတွင်းအမဲသား၊ သိုးရင့်သားနှင့် သိုးငယ် သားထုတ်လုပ်သူများအနေဖြင့် ဈေးနှုန်းရရှိမှုနည်းပါး၍ လုပ်ငန်းဖွံ့ဖြိုးမှုအတွက် အခက်အခဲရှိမည်ဖြစ်ကြောင်း၊ တောင်အာဖရိက အနီရောင်အသား ထုတ်လုပ်သူများ အသင်း အမှုဆောင်အရာရှိချုပ် Gerhard Schutte က တောင်အာဖရိကနိုင်ငံသည် လက်ရှိတွင် စုစုပေါင်းအမဲသားထုတ်လုပ်မှု၏ ၄ ရာခိုင်နှုန်းကိုသာ ပြည်ပသို့တင်ပို့နိုင် ကြောင်း၊ သိုးသားအနေဖြင့် ၁ ရာခိုင်နှုန်းသာတင်ပို့နိုင်ပြီး အခြားအသားများတင်ပို့နိုင်မှုသည် ၁ ရာခိုင်နှုန်းအောက်တွင်သာရှိနေကြောင်း ပြောကြားထားပါသည်။

ထို့အပြင် တောင်အာဖရိကနိုင်ငံရှိ အနီရောင်အသားများထုတ်လုပ်နေမှုသည် ကမ္ဘာ့ဈေးကွက်အတွင်း ကုန်သွယ်မှုပြုနေသည့်တန်ဖိုးထက် လျော့နည်းထုတ်လုပ်နေသည့် အခြေအနေတွင် ရှိနေသည့်အတွက် အနီရောင်အသားများ ပိုမိုတင်ပို့နိုင်ရန် အလားအလာကောင်းနေကြောင်း၊ ထို့ကြောင့် အမဲသားအား ၄ ရာခိုင်နှုန်းသာတင်ပို့နေရာမှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုတင်ပို့နိုင်ရန် ကြိုးစားနိုင်ကြောင်း၊ သိုးအရှင်တင်ပို့မှုကိုလည်း ၅ ရာခိုင်နှုန်းအထိပိုမိုတင်ပို့နိုင်ရန် ပြည်တွင်းမွေးမြူနေသူများကို တွန်းအားပေး ထုတ်လုပ်စေနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်း တောင်အာဖရိကနိုင်ငံအနေဖြင့် အမဲသားများအား တရုတ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံနှင့် နော်ဝေးနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ သိုးရင့်သားနှင့် သိုးငယ်သားများအား United Arab Emirates နှင့် ဟောင်ကောင်နိုင်ငံသို့အဓိကတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

သို့သော် တောင်အာဖရိကနိုင်ငံအတွက် လာမည့်နှစ်အတွင်း အဓိကစိန်ခေါ်မှုသည် တောင်အာဖရိကနိုင်ငံတွင် ခွာနာ၊ လျှာနာရောဂါကင်းစင်သည့် အခြေအနေရှိကြောင်း နှင့် အမျိုးသားအဆင့် ရောဂါဖြစ်မှု နောက်ကြောင်းပြန်စုံစမ်းစစ်ဆေးနိုင်သည့်စနစ် ကျင့်သုံးနိုင်နေပြီဖြစ်ကြောင်း ဈေးကွက်သို့ချပြနိုင်ရန်ဖြစ်ကြောင်း၊ အခြားစိန်ခေါ်မှု သည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် သားသတ်သူများသို့ တိရစ္ဆာန်အရှင်များ တင်ပို့ရေးအခြေပြစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေးဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ်တွင် အရေးပေါ်ဆောင်ရွက်ရမည့်အချက်သည် Onderstepoort Biological ပစ္စည်းဖြစ်သည့် ကာကွယ်ဆေးရရှိမှု လျော့နည်းနေမှုကို ဖြေရှင်းသွားရန်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း တောမီးလောင်ခြင်းသည်လည်း အနီရောင်အသားထုတ်လုပ်သူများအတွက် ထိခိုက်မှုများရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် တောမီးကာကွယ်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစေ့အဆံသီးနှံဈေးနှုန်းများသည်လည်း မြင့်တက်နေသည့်အတွက် တိရစ္ဆာန်အစားအစာအတွက် မဟာဗျူဟာမြောက် သိုလှောင်ထားနိုင်ရန်လည်း လိုအပ်ကြောင်း သိရှိရပါသည်။  

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

 

Source:           https://www.farmersweekly.co.za/agri-news/south-africa/red-meat-exports-must-be-prioritised-in-2022/

Category: South Africa