South Africa

တောင်အာဖရိကနိုင်ငံ၏ ကြက်သားနှင့်အသားဈေးနှုန်းများသည် အကောက်ခွန်များကြောင့် တစ်နှစ် အတွင်း ၁၇ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံရှိ ကြက်သားဈေးနှုန်းသည် တစ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းသို့မြင့် တက်လာခဲ့ကြောင်း၊ အစိုးရအနေဖြင့် ကြက်သားအပေါ် ကောက်ခံနေသောအခွန်အား လျော့ချပေးနိုင်ခြင်းမရှိပါက ဈေးနှုန်းပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း တောင် အာဖရိက အသားတင်သွင်း၊ တင်ပို့သူများအသင်းက ပြောကြားထားကြောင်းကို သိရှိရပါသည်။

အဆိုပါအသားတင်သွင်းသည့် အသင်းက အစိုးရအား စားသုံးသူများဝယ်ယူစားသုံးနိုင်သည့် ဈေးနှုန်းဖြင့် ကြက်သားအား ရောင်းချ နိုင်ရန်အတွက် အသစ်ကောက်ခံမည့် အကောက်ခွန်အားလုံးအား ၃ နှစ်ကင်းလွတ်ခွင့် ကာလသတ်ပေးရန်ဖြစ်ကြောင်း၊ ထို့အပြင် ကြက်သားအပေါ် ကောက်ခံနေသည့် တန်ဖိုးမြင့်အခွန်ကိုလည်း ဖယ်ရှားပေးရန် တောင်းဆိုထားကြောင်း၊ ကုန်သွယ်မှု အခွန်တစ်ခု တည်းကိုပင် ဖယ်ရှားပေးနိုင်ပါက စားသုံးသူများအနေဖြင့် အရိုးပါကြက်သားအတွက် အခွန် ၃၃ ရာခိုင်နှုန်းနှင့် ဝမ်းတွင်းသားများ အတွက် ၁၈-၂၀ ရာခိုင်နှုန်း သက်သာသွားနိုင်မည်ဖြစ်ကြောင်း အလုပ်မှုဆောင်အရာရှိချုပ် Paul Matthew ကတောင်းဆိုထား ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ ကြက်မွေးမြူထုတ်လုပ်ရေးအသင်း၏ စာရင်းအရ ကြက်သားသည် တောင်အာဖရိကနိုင်ငံသားများအတွက် အသားဓါတ်အဓိကရရှိစေသည့် အများဆုံးဝယ်ယူစားသုံးသည့် အသားတစ်မျိုးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ကြက်သား၊ ကြက်သားနှင့်ပတ်သက်သည့် အစားအသောက် တန်ချိန် ၂.၃ သန်းအထိ စားသုံးခဲ့ကြကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လစာရင်းအရ အရိုးပါ အေးခဲကြက်သားတင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်သည် ၃၇ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ အရိုးမပါ အေးခဲကြက်သားအပေါ် ကောက်ခံသည့်အခွန်အနေဖြင့် ၁၂ ရာခိုင်နှုန်းမှ ၄၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရအနေဖြင့် တောင်အာဖရိကနိုင်ငံသို့ အဓိကတင်သွင်းသည့်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ စပိန်၊ ဒိန်းမတ်၊ ပိုလန်နှင့် အိုင်ယာလန်နိုင်ငံတို့မှ တင်သွင်းသည့် ကြက်သားများအပေါ် အခွန်သစ်များကောက်ခံခဲ့ကြောင်း၊ ကောက်ခံခဲ့ သည့်အခွန်နှုန်းများသည် အနည်းဆုံး ၆ ရာခိုင်နှုန်းမှ အများဆုံး ၂၆၅ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း၊ ထိုသို့ကောက်ခံမှုသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ အသက်ဝင်နေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုစီးပွားရေးပညာရှင် Donald MacKay က မြင့်တက်နေ သော စက်သုံးဆီဈေးနှုန်း၊ တိရစ္ဆာန်အစာ ဈေးနှုန်းမြင့်တက်ခြင်းနှင့် ယူကရိန်းပဋိပက္ခဖြစ်ပွားနေမှုတို့သည် ကြက်သားဈေးနှုန်း နှင့်အခြားကုန်စည်များဈေးနှုန်းများကို ဆက်လက်မြင့်တက်စေမည့် အခြေခံအကြောင်းအချက်များဖြစ်ကြောင်း ပြောကြားထား သည်ကို သိရှိရပါသည်။     

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                                                                                                               Source:           https://www.businessinsider.co.za/tariffs-on-chicken-should-be-removed-to-keep-chicken-prices-affordable-2022-4

Category: South Africa