South Africa

တောင်အာဖရိကနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်တည်ဆောက်နိုင်ရန် အစိုးရနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံသည် ယခင်နှစ် ခရီးသွားရာသီအမြင့်ဆုံးအချိန်မစမီတွင် Omicron မျိုးရိုးဗီဇပြောင်းရောဂါတွေ့ရှိမှု ကြေညာ ခဲ့ခြင်းသည် ခရီးသွားလုပ်ငန်းကဏ္ဍအား ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် lockdowns များချမှတ်မှုကြောင့် ထိခိုက်နေမှုကို ပိုမိုဆိုးရွားစေခဲ့ ကြောင်း၊ ယခုအခါ ခရီးသွားလုပ်ငန်းကဏ္ဍသည် လျှပ်စစ်မီးမကြာခဏပြတ်တောက်ခြင်း၊ ရေရရှိမှုလျော့နည်းခြင်းနှင့် အဂတိလိုက် ခြင်း စသည့်စိန်ခေါ်မှုများမှ ပြန်လည်ကောင်းမွန်ရန် အစပျိုးချိန်တွင် အစိုးရ၏ ဆောင်ရွက်ချက်အပေါ် ဆန်းစစ်ခဲ့သည့် အစီရင်ခံစာ အရ တောင်အာဖရိကနိုင်ငံသည် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် တောင်အာဖရိကနိုင်ငံ၏ လေကြောင်းလိုင်းဆိုင်ရာနည်းပညာနှင့် မြေပြင်ကြီးကြပ် ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ဖြစ်ကြောင်း သိရှိရပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လေကြောင်းကဏ္ဍတွင် နိုင်ငံခြားဘာသာကျွမ်းကျင်မှု၊ ဆက်သွယ်ရေးနည်းပညာကျွမ်းကျင်မှု၊ လေယာဉ် မှူးနှင့် အင်ဂျင်နီယာများ ပြုစုပျိုးထောင်နိုင်ရေးသည် လေကြောင်းကဏ္ဍ ထိရောက်စွာလည်ပတ်နိုင်ရေးအတွက် လွန်စွာအရေးကြီး ကြောင်း၊ တောင်အာဖရိကနိုင်ငံ၏ လေကြောင်းကဏ္ဍတွင် အသက် ၄၀ ကျော်လုပ်သားများပြားနေမှုသည် အနာဂတ်ကာလ ကျွမ်း ကျင်လုပ်သားပြတ်လပ်မည့်အလားအလာ ဖြစ်နေကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အစိုးရက ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ရန် ကြေညာထားသော်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ဘဏ္ဍာရေးဖြတ်တောက်မှုများပြုလုပ်ရ သည့်အတွက် စီမံကိန်းများ အကောင်အထည်ဖော်မှု မပြုနိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုအား နာရီပေါင်း ,၁၃၆ နာရီအထိ ကြုံတွေ့ခဲ့ရသည့်အတွက် အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းအတွက် အဓိကအခြေခံကျသည့် ရထားလမ်း၊ ကား လမ်းနှင့် လေဆိပ်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းထက် စွမ်းအင်ဖူလုံမှုရှိရေးကို ဉီးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကအတားအဆီးများထဲမှ တစ်ခုသည် အစိုးရ၏ ရန်းဘီလီယံများစွာ သည် အစိုးရပိုင်လုပ်ငန်းများဖြစ်သည့် လျှပ်စစ်ကုမ္ပဏီ Eskom SAA တောင်အာဖရိကလေကြောင်းလိုင်းနှင့် Transnet ပို့ဆောင်ရေး လုပ်ငန်းများ၏ စီမံကိန်းများ၌ အသုံးပြုနေရသည့်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:        https://mg.co.za/opinion/2022-01-20-tourism-sector-and-government-must-work-together-to-rebuild-tourism-in-south-africa/

Category: South Africa