South Africa

တောင်အာဖရိကနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ထုတ် လုပ်မှုကဏ္ဍအတွက်အလားအလာကောင်းကိုဖြစ်ပေါ်စေခြင်း

Last Updated:

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မော်တော်ကားထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဆိုင်ရာ စည်းမျဉ်းပြန်လည်ပြင်ဆင်မှု ကြေညာ ချက်ကို တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါစည်းမျဉ်းသည် တောင်အာဖရိကနိုင်ငံ မော်တော်ကားလုပ်ငန်းအတွက် ရေရှည်တိုးတက်စေမည့် masterplan တစ်ခုဖြစ်ကြောင်း၊ အဆိုပါမော်တော်ကားထုတ်လုပ်သူများ အတွက် မက်လုံးအစီအစဉ်သည် ပြည်တွင်းအသေးစား မော်တော်ကားထုတ်လုပ်သူများအတွက် အရေအတွက်နှင့် ပြည်တွင်းတွင် မော်တော်ကားအစိတ်အပိုင်းများ ပိုမိုထုတ်လုပ်နိုင်စေရန် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ မော်တော်ကားစီးပွားရေးကောင်စီက မော်တော်ကား အဓိကထုတ်လုပ်သူများသည် ၂၀၂၀ ပြည့်နှစ်တွင် ရန်း ၉.၂၃ ဘီလီယံအထိရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ရန်း ၈.၈ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ယခင်နှစ်အတွင်း နိုင်ငံစုံပါဝင် သည့် မူရင်းကိရိယာတန်ဆာပလာထုတ်လုပ်သူများသည် မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ သမ္မတ Ramaphosa က ဖေဖော်ဝါရီလ နိုင်ငံအတော်အခြေပြမိန့်ခွန်းတွင် တောင်အာဖရိကနိုင်ငံအား ကမ္ဘာ့အဆင့် မော်တော်ယာဉ် ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာရေးအတွက် ထုတ်လုပ်မှုလုပ်ငန်း တိုးချဲ့သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း၌ လူမဲများပိုင်ဆိုင်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် the Black Industrialsit Fund ကိုအကောင်အထည်ဖော်လျှက်ရှိကြောင်း၊ ထိုမှတစ်ဆင့် အာဖရိကတိုက်တစ်ခုလုံး မော်တော်ကားကုန်သွယ်မှုတိုးချဲ့သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မော်တော်ကားထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်လာနိုင်ခဲ့သည်နှင့်တစ်ပြိုင်နက် ပထမမျိုးဆက် hybrid လျှပ်စစ်ကား များကို တောင်အာဖရိကနိုင်ငံတွင် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါလျှပ်စစ်ကားများအား အာဖရိကတိုက် လွတ်လပ်သော ကုန်သွယ် မှုဒေသ သဘောတူညီချက် အကောင်အထည်ဖော်မှုမှတစ်ဆင့် အာဖရိကတိုက်ရှိနိုင်ငံပေါင်း ၄၀ သို့တင်ပို့ရောင်းချ နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ မော်တော်ကားထုတ်လုပ်မှုမှ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ၂၀၂၀ ပြည့်နှစ် တွင် ၄.၉ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၆.၄ ရာခိုင်နှုန်းပံ့ပိုးနိုင်ခဲ့ကြောင်း၊ မော်တော်ကားထုတ်လုပ်သူများအတွက် ထုတ်ပြန်ပေးခဲ့ သည့် မက်လုံးအစီအစဉ်ကြောင့် မော်တော်ကားထုတ်လုပ်မှုတန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသွား နိုင်မည်ကိုလည်း မျှော်မှန်းထားကြောင်း သိရှိရပါသည်။    

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့) 

 

    

Source:           https://www.farmersweekly.co.za/agri-news/south-africa/russia-ukrain e-conflict-threatens-sa-fruit-exports/

Category: South Africa