Brazil

ဒီဇင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၂.၇၇၆ သန်း တင်ပို့နိုင်ရန် ဘရာဇီးလ်မျှော်မှန်း

Last Updated:

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၁၄၉ သန်းတင်ပို့ခဲ့ပြီး ဒီဇင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂.၇၇၆ သန်း တင်ပို့နိုင်ရန်မျှော်မှန်းထား ကြောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် ပဲပုတ်စေ့တန်ချိန် ၁၆၁.၀၂၄ သန်းတင်ပို့နိုင်ခဲ့ကြောင်း၊နှံစားသီးနှံတင်ပို့သူများအသင်း (survey by the National Association of Cereal Exporters - Anec) က ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပဲပုတ်စေ့တန်ချိန် ၆၇၄,၀၁၉ တန်တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်‌နေ့ အထိကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၆၅၅,၈၃၇ တန် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်ကုန်ဆုံးပါက စုစုပေါင်းပဲပုတ်စေ့တန်ချိန် ၈၆.၈၈ သန်းအထိ တင်ပို့ပြီးစီးနိုင်မည်ဖြစ်ကြောင်း အသင်းကပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စားသောက်ကုန်တင်ပို့မှုသည် တန်ချိန် ၁.၂၄၂ သန်းတင်ပို့ခဲ့ပြီး ဒီဇင်ဘာလအတွင်း တန်ချိန် ၁.၆၈၁ သန်းအား တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တန်ချိန် ၁.၁၁၁ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း အသင်းကပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပဲပုတ်စားသောက်ကုန် တန်ချိန် ၃၅၆,၅၅၀ တန်တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ကုန်ဆုံးပါက စုစုပေါင်းတန်ချိန် ၁၇.၀၁၆ သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း အသင်းကပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil