Brazil

ဓာတ်မြေဩဇာများတိုးတက်တင်ပို့ခွင့်ပြုပေးနိုင်ရန် ရုရှအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

၂၀၂၂- ၂၀၂၃ ခုနှစ်ကာလအတွင်း ဆောင်သီးနှံနှင့် နွေဦးသီးနှံစိုက်ပျိုးမှုတို့အတွက် ဓာတ်မြေဩဇာများ တိုးမြှင့်တင်ပို့ခွင့်ပြုပေးနိုင် ရန် ရုရုအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိပြီး သီးနှံစိုက်ပျိုးချိန်ကာလသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အချိန် ကြာမြင့်မည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ ဓာတ်မြေဩဇာတင်ပို့မှုအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ် လ ၃၁ ရက်နေ့အထိ ရုရှအစိုးရက ပိတ်ပင်တားမြစ်ထားခဲ့ရာ အဆိုပါ ပို့ကုန်ပိတ်ပင်တားမြစ်သည့်အမိန့်အား သက်တမ်းတိုးခဲ့ ကြောင်း ဒုတိယဝန်ကြီးချုပ်  Victoria Abramchenko က ပြောကြားခဲ့သည်။

စိုက်ပျိုးချိန်ကာလအမှီ တောင်သူများလက်ဝယ်သို့ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးနိုင်ရေးနှင့် သင့်လျှော်သောဈေးနှုန်းဖြင့် ရောင်း ချပေးနိုင်ရေးသည် သီးနှံအထွက်နှုန်းများတိုးတက်စေရန်အတွက် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် လက်ရှိတင်ပို့ခွင့်ပြုထား သည့် ဓာတ်မြေဩဇာပမာဏအား ပိုမိုတိုးမြှင့်ခွင့်ပြုသွားရန် လုပ်ဆောင်လျက်ရှိကြောင်း သမ္မတ Vladimir Putin ဦးဆောင်ပြုလုပ် သည့်အစည်းအဝေးသို့  တက်ရောက်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးချုပ်က ၎င်း၏တယ်လီဂရမ် လူမှုကွန်ယက်စာမျက်နှာတွင် ရေး သားခဲ့သည်။

သို့ရာတွင် တိုးမြှင့်တင်ပို့ခွင့်ပြုမည့် ဓာတ်မြေဩဇာပမာဏနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေး ကြောင်း၊ ရုရှအစိုးရ၏ ဓာတ်မြေဩဇာတင်ပို့မှု ပိတ်ပင်တားမြစ်ချက်သည် ယာယီညွှန်ကြားချက်ဖြစ်ပြီး ပြည်တွင်းတွင် ဓာတ်မြေ ဩဇာပြတ်တောက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ တန်ချိန် ၅.၉ သန်းနှင့် နိုက်ထရိုဂျင်ကွန်ပေါင်းဓာတ်မြေဩဇာတန်ချိန် ၅.၃၅ သန်းတို့အား  ပြည်ပတင်ပို့ခွင့် ပြု ထားကြောင်း၊ ယခင်အပတ်ကလည်း နိုက်ထရိုဂျင်ဓာတ်မြေဩဇာ တန်ချိန် ၂၃၁,၀၀၀ တန်နှင့် နိုက်ထရိုဂျင်ကွန်ပေါင်း ဓာတ်မြေ ဩဇာတန်ချိန် ၄၆၆,၀၀၀ တန်တို့အား တိုးတက်တင်ပို့နိုင်ရန် အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း အစိုရအရာရှိတစ်ဦးကပြောကြား ခဲ့သည်။

ကမ္ဘာ့ဓာတ်မြေဩဇာထုတ်လုပ်သည့် နိုင်ငံများတွင် ရုရှနိုင်ငံသည် ဓာတ်မြေဩဇာ အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး နိုက်ထရို ဂျင်ဓာတ်မြေဩဇာထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယမြောက်အများဆုံးနှင့် ပိုတက်စီယမ်နှင့် ဖော့စ်ဖိတ်ဓာတ်မြေဩဇာတို့ကို ကမ္ဘာ့ တတိယမြောက် အများဆုံးထုတ်လုပ်လျက်ရှိပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ ဓာတ်မြေ ဩဇာတင်ပို့မှုကန့်သတ်မှုများအပြင် ရုရုအစိုးရ၏ ဓာတ်မြေဩဇာတင်ပို့မှုပမာဏ ကန့်သတ်ချက်များကြောင့် ကမ္ဘာ့ဓာတ်မြေဩ ဇာဈေးကွက်တွင် ဝယ်လိုအားများ အလွန်အမင်းမြင့်တက်လျက်ရှိပြီး ဓာတ်မြေဩဇာအကြပ်အတည်းများ ဆိုးရွားစွာဖြစ်ပေါ်လျက် ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံသည်လည်း ရုရှနိုင်ငံမှ ဓာတ်များဩဇာများကို နှစ်စဉ် အမြောက်အများဝယ်ယူ တင်သွင်းရလျက်ရှိရာ လတ်တလောဖြစ်ပွားနေသည့် ရုရှ- ယူကရိန်းပဋိပက္ခအခြေအနေများကြောင့် အခြားနိုင်ငံများမှ ဓာတ်မြေဩဇာဝယ်ယူတင်သွင်း နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil