Brazil

နိုဝင်ဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၆ သန်း တင်ပို့နိုင်ရန်မျှော်မှန်း

Last Updated:

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၆ သန်းအား တင်ပိုနိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၀ ပြည်နှစ်၊ အောက်တိုဘာလတွင် ပဲပုတ်စေ့ တန်ချိန် ၂.၉၉ သန်းနှင့် နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၇၇၀,၃၀၀ တန်တို့အား အသီးသီး တင်ပို့ခဲ့ကြောင်း National Association of Cereal Exporters (Anec) ၏ သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၃၈၆,၈၀၀ တန်အား တင်ပို့ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကာလတွင် ပဲပုတ်စေ့တန်ချိန် ၇၀၄,၇၇၀ တန်အား တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလအထိ ပဲပုတ်စေ့တန်ချိန် ၈၄.၅၆ သန်းအား တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ANEC က ပြောကြားခဲ့သည်။

ပဲပုတ်စေ့စားသောက်ကုန်ပစ္စည်းတင်ပို့မှုတွင် ယခုနှစ် အောက်တိုဘာလတွင် တန်ချိန် ၁.၃၄ သန်းအား တင်ပို့ခဲ့ပြီး နိုဝင်ဘာလအတွင်း တန်ချိန် ၁.၂၂ သန်းအား တင်ပို့ နိုင်ရန် ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၁.၃၂ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန်တွင် စုစုပေါင်းတင်ပို့မှု သည် တန်ချိန် ၁၅.၃၁ သန်းအား တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ANEC ၏ သတင်းတွင် ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားနိုင်ငံ)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil