Brazil

ပဲပုတ်စေ့ တင်ပို့နိုင်မှုများ လျှော့ကျနိုင်

Last Updated:

ယခုမတ်လအတွင်း ပဲပုတ်စေ့တန်ချိန် ၁၃.၇၆၉ တန်တင်ပို့နိုင်ရန် ယခင်က ခန့်မှန်းခဲ့သော်လည်း လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေများကြောင့် တင်ပို့နိုင်မည့် ပဲပုတ်စေ့ပမာဏအား တန်ချိန် ၁၂.၉ သန်းအထိ လျှော့ချခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံ နှံစားသီးနှံတင်ပို့သူများအသင်း (National Association of Cereal Exporters - Anec) က ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၉.၁၁၃ သန်းနှင့် ပဲပုတ်စေ့ထွက်ကုန်တန်ချိန် ၂.၀၁၂ သန်းအားတင်ပို့ နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဲပုတ်စေ့ထွက်ကုန်တန်ချိန် ၁.၅၇၃ သန်းအား တင်ပို့ခဲ့ကြောင်း၊ ယခုနှစ်မတ်လတွင် ပြောင်း တန်ချိန် ၅၅,၀၀၀ တန် တင်ပို့ရန်မျှော်မှန်းထားပြီး ဖေဖော်ဝါရီလတွင် တန်ချိန် ၅၂၃,၃၄၂ တန်အား တင်ပို့ခဲ့ကြောင်း၊  ယခုမတ်လ တွင် ဂျုံတန်ချိန် ၅၀၁,၇၃၀ တန်အား တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ယခင်လက တန်ချိန် ၉၂၅,၂၆၄ တန်အား တင်ပို့ခဲ့ကြောင်း၊ ယခုအပတ် မတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပဲပုတ်စေ့တန်ချိန် ၂.၈၇၄ သန်း၊ ပဲပုတ်စေ့ထွက်ကုန်တန်ချိန် ၂၀၁,၆၁၆ တန်နှင့် ဂျုံတန်ချိန် ၂၀၆,၈၉၆ တန်အားတင်ပို့ခဲ့ကြောင်း၊ မတ်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၃,၆၈၄ တန်၊ ပဲပုတ်စေ့အခွံတန်ချိန် ၄၅၂,၆၇၁ တန်နှင့် ဂျုံတန်ချိန် ၃၃,၄၇၃ တန်တို့အား တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း နှံစားသီးနှံ တင်ပို့သူများအသင်း (Anec) က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil