Brazil

ပြည်တွင်းကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသဖြင့် ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တိုးမြှင့်သတ်မှတ်

Last Updated:

ပြည်တွင်းကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းအား ၁၁ ကြိမ်မြောက် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ငွေကြေးဈေးကွက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်၏ စားသုံး သူဆနှုန်းကိန်း (Broad Consumer Price Index - IPCA) အား ၆.၈၆% သတ်မှတ်ကြောင်း ဘရာဇီးလ်ဗဟိုဘဏ်က မတ်လ ၂၈ ရက် နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ စားသုံးသူဆနှုန်းကိန်းအား မတ်လပထမပတ်တွင် ၅.၆% ဖြစ်ပေါ်ရန်ခန့်မှန်းခဲ့ပြီး ယခင်အပတ် အတွင်းတွင် ၆.၅၉% အထိ တိုးမြှင့်ခန့်မှန်းခဲ့သည်။

စားသုံးသူဆနှုန်းကိန်းတွက်ချက်ရန်အတွက် လိုအပ်သော စီးပွားရေးဆိုင်ရာအချက်အလက်ညွှန်းကိန်းများကို ဈေးကွက်ဆိုင်ရာ အဖွဲ့ အစည်းပေါင်း ၁၀၀ ကျော်မှရယူခဲ့ကြောင်း၊ ညွှန်းကိန်းများအရ ၂၀၂၃ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုနှုန်းအား ယခင်အပတ်က ၃.၇၅% အားခန့်မှန်းခဲ့ပြီး ယခုအပတ်တွင် ၃.၈% သို့တိုးမြှင့်ခန့်မှန်းထားကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းအား ၂၀၂၃ ခုနှစ်တွင် ၃.၅၁% နှင့် ၂၀၂၄ ခုနှစ်တွင် ၃.၂% အသီးသီးတို့အား ၂၀၂၂ ခုနှစ်၊ မတ်လပထမအပတ်တွင် ခန့်မှန်းထားကြောင်း သတင်း၌ ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) တိုးတက်မှုနှုန်းအား ၀.၅% ပိုမိုတိုးတက်ရန်ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၁.၃% နှင့် ၂၀၂၄ ခုနှစ်တွင် ၂% တိုးတက်ရန် ခန့်မှန်းထားကြောင်း သတင်းတွင်ဖော်ပြထားသည်။ အစိုးရ၏ အခြေခံဘဏ်တိုးနှုန်း (Selic) သတ်မှတ်ချက်အား ၁၃% အထိ တိုးမြှင့်နိုင်ကြောင်း၊ မတ်လ ၁၆ ရက်နေ့တွင်  အစိုးရငွေကြေးမူဝါဒကော်မတီ (Monetary Policy Committee - Copom) က အစိုးရဘဏ်များ၏ အခြေခံဘဏ်တိုးနှုန်းအား ၁၀.၇၅% မှ ၁၁.၇၅% သို့ တိုးမြှင့်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထား သည်။ ဘဏ်တိုးနှုန်းကြိုတင်ခန့်မှန်းရာတွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ချိန်၌ ၉% နှင့် ၂၀၂၄ ခုနှစ်တွင် ၇.၅% သို့ ပြန်လည်လျှော့ချနိုင် ကြောင်း ခန့်မှန်းထားသည်။

နိုင်ငံခြားငွေ ရောင်းဝယ်ရေးဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းသည်  နေ့စဉ်ကျဆင်းလျက်ရှိနေပြီး ယခင်အပတ်က ၁ ဒေါ်လာလျှင် ၅.၃၀ ဟဲရာရှိခဲ့ရာမှ ယခုအပတ်တွင် ၅.၂၅ ဟဲရာ အောက်သို့ကျဆင်းလျက်ရှိကြောင်း၊ နိုင်ငံခြားငွေဈေးကွက် ကြိုတင် ခန့်မှန်းရာတွင် အမေရိကန် ၁ ဒေါ်လာတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ၅.၂၂ ဟဲရာနှင့် ၂၀၂၄ ခုနှစ်တွင် ၅.၂၀ ဟဲရာ တို့ဖြစ်ပေါ်နိုင် ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil