Australia

ပြည်တွင်းထောက်ပံ့အားပိုလျှံမှုနှင့် ပြည်ပတင်သွင်းမှုများကြောင့် ဩစတြေးလျ ထောပတ်သီးများ စုပုံနေခြင်း

Last Updated:

အနောက်ပိုင်းဩစတြေးလျ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများသည် ထုတ်ပိုးမှုနှင့် ဈေးကွက်တင်ပို့မှုကုန်ကျစရိတ်များ မကာမိတော့သောကြောင့် ထောပတ်သီများ စုပုံလျက်ရှိကြောင်း သိရှိရပါသည်။ အနောက်ပိုင်းဩစတြေးလျတွင် ထုတ်လုပ်မှုစံချိန်တင်မြင့်တက်ပြီးနောက် ထောပတ်သီးတစ်ဗန်းလျှင် ဩစတြေးလျဒေါ်လာ ၁၈ ဒေါ်လာအထိ ကျဆင်းသွားခဲ့ကာ ပြည်တွင်းပိုလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

အနောက်ပိုင်းဩစတြေးလျ၏ အဓိကပြည်တွင်းဈေးကွက်များဖြစ်သော ဆစ်ဒနီနှင့် မဲလ်ဘုန်းသို့ ရောင်းချမှုနှေးကွေးခြင်းနှင့် Lockdown ကြောင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကို လအတော်ကြာပိတ်ပစ်လိုက်ပြီးနောက် ဈေးနှုန်းကျဆင်းမှုဖိအားများ တိုးလာခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်က ထောပတ်သီးစိုက်ပျိုးမှုမှာ စီးပွားဖြစ်ထွန်းခဲ့ပြီး၊ ယခုနှစ်တွင် အမြတ်အစွန်းမရရှိခြင်းက စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးအပေါ် ကြီးစွာသော ရိုက်ခတ်မှု ဖြစ်ပေါ်စေခဲ့ပါသည်။

ယခုရာသီအတွင်း အနောက်ပိုင်းဩစတြေးလျတွင် ထော်ပတ်သီးဗန်းပေါင်း ၈.၂ သန်းခန့် ခူးဆွတ်ရရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ယမန်နှစ် ခူးဆွတ်ရရှိမှုနှင့် နှိုင်းယှဉ် ပါက ၂၃၃% မြင့်တက်လာခြင်းဖြစ်ပါသည်။ ပြည်တွင်းထုတ်လုပ်မှုမြင့်တက်လာသော်လည်း လက်လီရောင်းချအချို့က နယူးဇီလန်နိုင်ငံမှ ထောတ်ပတ်သီးများ တင်သွင်း နေမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာပါသည်။ စာရင်းများအရ ပြည်ပမှ သစ်သီးဗန်းပေါင်းများစွာသည် ဩစတြေးလျ စူပါမားကတ်များတွင် အပတ်စဉ်ရောင်းချရလျက် ရှိကြောင်း သိရှိပါသည်။ ဩစတြေးလျ ထောပတ်သီးအသင်းက သြစတြေးလျထောပတ်သီးများ ဖူလုံသောထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိသွားသောကြောင့် ဩစတေးလျသီးနှံ အဓိကလက်လီရောင်းချသူများက တင်သွင်းမှုကို ရပ်ဆိုင်းရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

ပြည်တွင်းပိုလျှံမှုကို ဟန်ချက်ညီစေရန် တင်ပို့မှုလည်း အရေးပါသောအချက်တစ်ချက်ဖြစ်ရာ ပြည်ပနိုင်ငံများနှင့် ဈေးကွက်ထူထောင်ရေးမှာ အချိန်ကာလအတိုင်းအတာ တစ်ခု လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတကာဈေးကွက်အများအပြားသည် စျေးနည်းပြိုင်ဘက်နိုင်ငံများဖြစ်သည့် ချီလီနှင့် ပီရူးတို့မှ သစ်သီးများကို တင်သွင်းနေပြီဖြစ် သည်။ ထို့အပြင် ဤရာသီတွင် မကြုံစဖူး ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုများသည် ပြည်ပဈေးကွက်များသို့ ဝင်ရောက်ရန် ပိုမိုခက်ခဲစေ ကြောင်း သိရှိရပါသည်။

ယခုနှစ်တွင် ထောပတ်သီးခူးဆွတ်ရရှိမှုမှာ တန်ချိန် ၁၂၀,၀၀၀ ရှိရာ ၂၀၁၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၃၉,၆၀၀ တန် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia