Belgium

ဘယ်လ်ဂျီယံနိုင်ငံ၌ စားသောက်ကုန်ဈေးနှုန်းများသည် ပျမ်းမျှ (၆) ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း

Last Updated:

ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများသည် တစ်နှစ်အတွင်း ပျမ်းမျှအားဖြင့် (.) ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူအသင်း (Belgian Consumer Organization) ၏ အချက်အလက်များအရ သိရပါသည်။ အဆိုပါအသင်း အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အဓိကစူပါမတ်ကပ်ကြီးများတွင် ရောင်းချသည့် ကုန်ပစ္စည်းအမယ်ပေါင်း (၃၀၀၀) ခန့်အား လေ့လာသုံးသပ်ခဲ့ရာ  ခရမ်းချဉ် သီး၊ spaghetti နှင့် အကြော်ဆီ စသည့် ထုတ်ကုန်များအနေဖြင့် (၂၅) ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းမြင့်မားလာခဲ့ကြောင်း သိရပါသည်။

ကုန်ကြမ်းပစ္စည်း၊ စွမ်းအင်သုံးစွဲခနှင့် သယ်ယူပို့ဆောင်မှုအတွက် ကုန်ကျစရိတ်များ မြင့်တက်လာမှုသည် စားသောက်ကုန်ထုတ်လုပ်သည့် ကွင်းဆက် တစ်ခုလုံးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ ထိုသို့စရိတ်မြင့်တက်လာမှုသည် လယ်သမားများမှသည် ကုန်စည်ထုတ်လုပ်/ ဖြန့်ဖြူးသူအထိ အားလုံး အပေါ် သက်ရောက်မှုရှိခဲ့ခြင်းဖြစ်ကြောင်း ဘယ်လ်ဂျီယံ စားသုံးသူအသင်းက ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဘယ်လ်ဂျီယံနိုင်ငံ၌ စက္ကူဈေးနှုန်းမြင့်တက်မှုကြောင့် မီးဖိုချောင်သုံး တစ်ရှူးများနှင့် အိမ်သာသုံးတစ်ရှူးများ၏ ဈေးနှုန်းမှာ (၂၀) ရာခိုင်နှုန်း ပို၍ဈေး ကြီးလာကြောင်း၊ နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းသည် ယခင်နှစ်ကထက် (.) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ အထူးသဖြင့် ထောပတ်ဈေးနှုန်းမှာ (၁၇.) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်များမှာလည်း ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ပျမ်းမျှ (.) ရာခိုင်နှုန်းပို၍ ဈေးနှုန်းမြင့်တက်လာခဲ့ရာ အထူးသဖြင့် ခရမ်းချဉ်သီး (၃၁.) ရာခိုင် နှုန်း၊ သခွါးသီး (၁၀.) ရာခိုင်နှုန်းနှင့် အာလူးသီး (.) ရာခိုင်နှုန်းတိုးဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။  ဘယ်လ်ဂျီယံနိုင်ငံ၌ သစ်သီးဝလံဈေးနှုန်းများသည် ယခင်နှစ်ကထက် (.) ရာခိုင်နှုန်းဖြင့် ပိုမိုမြင့်တက်ခဲ့သော်လည်း လိမ္မော်သီး၊ သရက် သီးနှင့် သံပယိုသီးများမှာမူ ၂၀၂၁ ခုနှစ်ကထက် ပို၍ဈေးနှုန်းသက်သာလျက်ရှိကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   https://www.brusselstimes.com/business/220985/grocery-shopping-6-more-expensive-in-belgium-compared-to-last-year

 

 

Category: Belgium