Belgium

ဘယ်လ်ဂျီယံနိုင်ငံ၌ Airplane Boarding Tax ကောက်ခံမှုသည် ၁-၄-၂၀၂၂ ရက်တွင် စတင်အသက်ဝင်

Last Updated:

ခရီးတိုပျံသန်းသည့်လေယာဉ်များဖြင့် ခရီးသွားလာခြင်းထက် ရထားစသည်တို့ဖြင့် ခရီးသွားလာခြင်းကို တွန်းအားပေးဆောင်ရွက် နိုင်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ၌ လေကြောင်းဖြင့် ခရီးသွားမည့်သူများအတွက် အခွန်သစ်အဖြစ် Airplane Boarding Tax ကောက်ခံမှုသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှစတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အခွန်သည် ဘယ်လ်ဂျီယံနိုင်ငံတွင်းရှိ လေဆိပ်များအားလုံးအတွက် အကျုံးဝင်မည် ဖြစ်ပြီး၊ (၅၀၀) ကီလိုမီတာအကွာအဝေး ထက်မကျော်လွန်သော ခရီးလမ်းကြောင်းများကို လေယာဉ်ဖြင့်သွားလာမည့် ခရီးသည်များသည် အခွန် (၁၀) ယူရိုကို ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရပါသည်။ ဥရောပစီးပွားရေးနယ်မြေ (European Economic Space) အတွင်းရှိ ယူနိုက်တက်ကင်းဒမ်း (သို့မဟုတ်) ဆွစ်ဇာလန်နိုင်ငံတို့သို့ လေယာဉ်ဖြင့် ခရီးသွားသူများသည် () ယူရိုကို အခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်သည်ဟု ဆို သည်။

ဥရောပနိုင်ငံများပြင်ပရှိ ကီလိုမီတာ (၅၀၀) ထက်ပို၍ကွာဝေးသော နေရာဒေသများသို့ လမ်းကြောင်းရှည်ပျံသန်းသည့် လေယာဉ် များဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များအနေဖြင့် လေယာဉ်တစ်ကြိမ်စီးနင်းမှုအတွက် () ယူရို အခွန်ကျသင့်မည်ဖြစ်ကြောင်း သိရပါသည်။ Air Belgium၊ ဘရပ်ဆဲလ်လေကြောင်း (Brussels Airlines) နှင့် TUI တို့က ထိုသို့ အခွန်သစ်ကောက်ခံမည့်ကိစ္စအပေါ် မလိုလားမှုကိုပြသကြကြောင်း၊ အထူးသဖြင့် လေကြောင်းခရီးသွားကဏ္ဍအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်မှ ပြန်လည်နာလန်ထူလာစေရေး ကြိုးပမ်းနေရသည့်အချိန်တွင် အခွန်သစ်ကောက်ခံမှုသည် ကြိုဆိုဖွယ်မဟုတ်ကြောင်း ဖော်ပြကြ သည်ဟု သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်https://www.brusselstimes.com/belgium/213061/new-plane-boarding-tax-takes-effect-from-1-april

Category: Belgium