Belgium

ဘယ်လ်ဂျီယံနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် မကြုံစဖူး တိုးတက်မှုရရှိခဲ့ခြင်း

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခဲ့ရာမှ ပြန်လည်နာလန်ထူလာမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ တင်ပို့မှုတိုးတက်ခဲ့ခြင်းတို့ကြောင့် ဘယ်လ်ဂျီယံ နိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် မကြုံစဖူးတိုးတက်ခဲ့ပြီး၊ စံချိန်တင်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် သမိုင်းဝင်ကျဆင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်က ဖော်ပြထားပါသည်။

၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပြည်ပပို့ကုန် (.) ရာခိုင်နှုန်းနှင့် သွင်းကုန် (.) ရာခိုင်နှုန်းကျဆင်းခဲ့ရာ ၂၀၀၉ ခုနှစ်၊ စီးပွားရေး ကျကပ်နောက်ပိုင်း အနိမ့်ဆုံးရလာဒ်တစ်ခုဖြစ်ခဲ့ပါသည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံသည် ပို့ကုန်တင်ပို့မှု (၂၄.) ရာခိုင်နှုန်းနှင့် သွင်းကုန်တင်သွင်းမှု တွင် (၂၃.) ရာခိုင်နှုန်းတို့ဖြင့် အသီးသီးပြန်လည် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဘယ်လ်ဂျီယံနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတိုးတက်နှုန်းသည် သမိုင်းတွင် မကြုံစဖူးသည့် နှုန်းထားဖြစ်ခဲ့ကြောင်း ဘယ်လ်ဂျီယံအမျိုးသားဘဏ်က ဆိုသည်။ ထိုသို့ တိုးတက်ခဲ့သည့် အဓိကအကြောင်းရင်းမှာ ကပ်ရောဂါကြောင့် ဆိုးရွားစွာကျဆင်းခဲ့သည့် စီးပွားရေးမှ ပြန်လည်နာလန်ထူလာခြင်း၊ တွင်းထွက်လောင်စာနှင့် ဓါတုဗေဒပစ္စည်း (အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ) ကဲ့သို့သော အရေးပါသည့်ထုတ်ကုန်များ၏ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ စာရင်းဇယားများအရ ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်တ်ဝပ်မြို့၌ Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်၊ ဒုတိယ သုံးလပတ်တစ်ခုတည်း၌ပင် ဘယ်လ်ဂျီယံနိုင်ငံ၏ စုစုပေါင်းပို့ကုန်ဝင်ငွေ၏ ထက်ဝက်နီးပါးကို ထည့်ဝင်အကျိုးပြုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဘယ်လ်ဂျီယံ နိုင်ငံ၏ ပို့ကုန်/ သွင်းကုန်တိုးတက်မှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ၂၀၂၀ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်လျှင် ပို့ကုန် (၃၃.) ရာခိုင်နှုန်း၊ သွင်းကုန် (၄၁.) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

၂၀၂၁ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင်မူ ဘယ်လ်ဂျီယံနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတိုးတက်မှုမှာ ပို့ကုန် (၃၁.) ရာခိုင်နှုန်းနှင့် သွင်းကုန် (၃၆.) ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ သွင်းကုန်တိုးတက်ရသည့် အကြောင်းရင်းမှာ စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှုနှင့် ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် နော်ဝေနိုင်ငံမှ ဓါတ်ငွေ့များကို ပိုမိုဝယ်ယူတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပို့ကုန်အပိုင်းတွင် အချို့သော အစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးပစ္စည်းများ တင်ပို့မှု အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - https://www.brusselstimes.com/belgium/206519/unprecedented-growth-2021-was-record-year-for-belgian-foreign-trade

Category: Belgium