Belgium

ဘရပ်ဆဲလ်ရှိ ဟိုတယ်များအတွက် ယူရို (၁၅.၈)သန်း အကူအညီကို အီးယူကော်မရှင်က အတည်ပြုခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ထိခိုက်မှုရှိသည့် ဘရပ်ဆဲလ်ရှိ ဟိုတယ်များအား  ကူညီပေးရန် ယူရို (၁၅.) သန်းတန်ဖိုးရှိ အကူအညီအစီအစဉ်တစ်ရပ် ကို ဥရောပကော်မရှင်က အတည်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါ အစီအစဉ်တွင် ဟိုတယ်များ၊ aparthotels များအကျုံးဝင်မည်ဖြစ်ပြီး၊ ဟိုတယ်တစ်ခုလျှင် တိုက်ရိုက်အထောက်အပံ့အဖြစ် ယူရို (၂၀,၀၀၀) မှ ယူရို (၂၀၀,၀၀၀) အကြားရရှိမည်ဖြစ်သည်။ COVID-19 ကပ်ရောဂါဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက် များကြောင့် ကမ္ဘာ့ခရီးသွားများ သိသိသာသာကျဆင်းလျက်ရှိသဖြင့် ဟိုတယ်လုပ်ငန်းများထိခိုက်မှုရှိနေပြီး၊ ၎င်းလုပ်ငန်းများအနေဖြင့် သန့်ရှင်းရေး၊ စွမ်းအင်သုံး စွဲမှု၊ ငှါးရမ်းခနှင့် ဝန်ထမ်းများအတွက် အနည်းဆုံး လုပ်ခလစာကဲ့သို့သော ကုန်ကျစရိတ်များကိုမူ ပေးချေနေရခြင်းဖြစ်သည်။

ဘရပ်ဆဲလ်ရှိ ဟိုတယ်များသည် ပုံမှန်အခြေအနေတွင် အီးယူရှိ နိုင်ငံတကာအဖွဲ့အစည်းများသို့ လာရောက်သူများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသွားများ တည်းခိုနေထိုင်မှုရှိပြီး၊ နွေရာသီကာလတွင် အခန်းငှားရမ်းရမှုနှုန်းထားသည် ၂၀ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်းသိရသည်။ အီးယူ၏ ယခုအထောက်အပံ့အစီအစဉ် သည် ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုထိန်းချုပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံအစိုးရများမှ ချမှတ်သည့် ကန့်သတ်ချက်အစီအမံများကြောင့် ဟိုတယ်လုပ်ငန်း/ ကုမ္ပဏီများ ရင်ဆိုင်နေရသည့် ငွေကြေးအခက်အခဲကို လျော့ပါးသက်သာစေရန်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းရပ်များ ဆက်လက်လည်ပတ်နိုင်စေရေန် ရည်ရွယ်ခြင်းဖြစ် သည်ဟု ဥရောပကော်မရှင်က ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်  -  (ဘရပ်ဆဲလ်တိုင်းမ်)          

Category: Belgium