Belgium

ဘရပ်ဆဲလ်လေဆိပ်၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုအစီအစဉ် ၁၃၅ ယူရိုအထိ ကျသင့်မည်

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်လေဆိပ်၌ ခရီးသွားများအတွက် ရွေ့လျားကိုရိုနာဗိုင်းရပ် ဓါတ်ခွဲစစ်ဆေးမှုသည် ယူရို (၆၇) မှ ယူရို (၁၀၀) ကျော်အထိ ကျသင့်မည်ဖြစ်ကြောင်း၊ အဆိုပါ  ဓါတ်ခွဲခန်းအနေဖြင့် swab (သို့မဟုတ်) PCR test နှစ်မျိုးကို စစ်ဆေးပေးနိုင်ပြီး ပုံမှန်စစ်ဆေးမှု အတွက် ၆၇ ယူရိုနှင့် အမြန်စစ်ဆေးမှုအတွက် ၁၃၅ ယူရို ကျသင့်မည်ဟု လေဆိပ်မှ press release ထုတ်ပြန်ထားကြောင်း၊ ထုတ်ပြန်ချက်အရ အမြန်စစ်ဆေးခြင်းအတွက် ရလဒ်ကို အချိန် (၃) နာရီ အတွင်းရရှိနိုင်ပြီး၊ ပုံမှန်စစ်ဆေးမှုအတွက် စစ်ဆေးချက်ရလဒ်ရရှိရန် အချိန် (၉) နာရီခန့် ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

အန္တရာယ်ရှိနိုင်ချေမြင့်မားသည့် အနီရောင်ဇုန်မှ ပြန်လည်ဝင်ရောက်လာသည့် ခရီးသွားများသည် ဘရပ်ဆဲလ်လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် ချက်ချင်းစစ်ဆေးနိုင်ပြီး၊ လေဆိပ်မှ ထွက်ခွာမည့်ခရီးသွားများလည်း စစ်ဆေးနိုင်မည်ဖြစ်သည်။ Covid-19 ရောဂါလက္ခဏာမရှိသည့် ခရီးသည်များကိုသာ အဆိုပါရွေ့လျားဓါတ်ခွဲခန်း၌ စစ်ဆေးခြင်းကို ခွင့်ပြုသွားမည်ဖြစ်ပြီး၊ ခရီးသွားများ အနေဖြင့် စစ်ဆေးရန်အတွက် အွန်လိုင်းမှတစ်ဆင့် ကြိုတင်၍ book လုပ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ရွေ့လျားဓါတ်ခွဲခန်းကို ဘရပ်ဆဲလ်လေဆိပ်ရှိ ထွက်ခွာခန်းမ (departure hall) ၏ အပြင်တွင် ထားရှိသွားမည်ဖြစ်ပြီး၊ စက်တင်ဘာလအတွင်း လုပ်ငန်းစတင်ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ခရီးသွားများအား လေဆိပ်မှ ထွက်ခွာစေမည်ဖြစ်ပြီး၊ ၎င်းတို့၏ သက်ဆိုင်ရာလေကြောင်းလိုင်းများနှင့်လိုက်ပါခွင့်အား ငြင်းပယ်ခံရမည်ဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင် အဖွဲ့များထံသို့ အသိပေးအကြောင်းကြားသွား မည်ဖြစ်ကြောင်း သိရသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium