Brazil

ဘရာဇီးလ်နိုင်ငံရှိ သီးနှံဈေးကွက်များတွင် ပဲပုတ်စေ့ဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိ

Last Updated:

ပဲပုတ်စေ့အများအပြားစိုက်ပျိုးသည့် တောင်အမေရိကတိုက်ရှိနိုင်ငံများတွင် ပူပြင်းခြောက် သွေ့သည့်ရာသီဥတုဖြစ်ပေါ်နေမှုကြောင့် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ ဈေးကွက်တွင် ပဲပုတ်စေ့ ဈေးနှုန်းများမြင့်တက်ခဲ့သဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့၌ ဘရာဇီးလ်နိုင်ငံရှိ သီနှံဈေးကွက်များတွင် ပဲပုတ်စေ့ဈေးနှုန်းများ စတင်မြင့်တက်လာ ခဲ့သည်။ ရာသီဥတုဖောက်ပြန်မှုနှင့် ကြုံတွေ့နေရသဖြင့် ပဲပုတ်စေ့အဓိကစိုက်ပျိုးသည့် ဘရာဇီးလ်နှင့်အာဂျင်တီးနားနိုင်ငံတို့တွင် သီးနှံရိတ်သိမ်းချိန်၌ ပျက်ဆီးဆုံးရှုံးမှု များဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းချက်များကြောင့် ချီကာဂိုဈေးကွက်၏ ပဲပုတ်စေ့ဈေးနှုန်းများသည် ၄ လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

သို့ရာတွင် ကိုဗစ်-၁၉ကူးစက်မှု၊ ဒေါ်လာငွေတန်ဖိုးမတည်ငြိမ်မှု၊ ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငွေကြေးကြပ်တည်းမှုများကြောင့် ရောင်းဝယ်မှုများအပါအဝင် စီးပွားရေးလုပ်ငန်းများသည် နှေးကွေးလျက်ရှိနေသည်။ ဘရာဇီးလ်နိုင်ငံတွင် ၆၀ ကီလိုဂရမ် အလေးချိန် ရှိသည့် ပဲပုတ်စေ့ ၁ အိတ်ဈေးနှုန်းသည် Passo Fundo (RS) ဈေးကွက်တွင် ၁၇၆.၀၀ ဟဲရာမှ ၁၇၈.၀၀ ဟဲရာသို့လည်းကောင်း၊ Mission Region ဈေးကွက်တွင် ၁၇၄.၀၀ ဟဲရာမှ ၁၇၆.၀၀ ဟဲရာသို့လည်းကောင်း၊ Port of Rio Grande ဈေးကွက်တွင် ၁၈၂.၀၀ ဟဲရာမှ ၁၈၄.၀၀ ဟဲရာသို့လည်းကောင်း၊ Cascavel (PR) ဈေးကွက် တွင် ၁၇၀.၀၀ ဟဲရာမှ ၁၇၂.၅၀ ဟဲရာသို့လည်းကောင်း၊ Port of Paranaguá (PR) ဈေးကွက်တွင် ၁၇၅.၀၀ ဟဲရာမှ ၁၇၇.၅၀ ဟဲရာသို့လည်းကောင်း၊ Rondonópolis (MT) ဈေးကွက်တွင် ၁၆၁.၀၀ ဟဲရာမှ ၁၆၂.၀၀ ဟဲရာသို့ လည်းကောင်း၊ Dourados (MS) ဈေးကွက်တွင် ၁၆၃.၀၀ ဟဲရာမှ ၁၆၄.၀၀ ဟဲရာသို့လည်းကောင်း၊ Rio Verde (GO) ဈေးကွက်တွင် ၁၆၄.၀၀ ဟဲရာမှ ၁၆၅.၀၀ ဟဲရာသို့လည်းကောင်း အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့သည်။

အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက် (Chicago Commodity Exchange - CBOT) တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့၏ ပဲပုတ်စေ့၊ ပဲပုတ်ဆီနှင့် ပဲပုတ်အခွံဈေးနှုန်း တို့သည် အမြင့်ဈေးနှုန်း များဖြင့် ဈေးပိတ်ခဲ့သည်။ အဆိုပါ စတော့ဈေးကွက်ရှိ ဆီထွက်သီးနှံများ၏ ဈေးနှုန်းမြင့်တက်မှုများသည် တောင်အမေရိကတိုက်နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသည့် ရာသီဥတုဖောက်ပြန်မှုများ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်သည်။

စတော့ဈေးကွက်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက် သီးနှံကြိုပွိုင့်ဈေးနှုန်းသည် ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၂၀.၅၀ ဆင့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၁၃.၆၂ ဒေါ်လာဖြင့်လည်းကောင်း၊ မတ်လအတွက် ပဲပုတ်စေ့ကြိုပွိုင့်ဈေးနှုန်းသည် ၁ စည်လျင် အမေရိကန်ဒေါ်လာ ၃၀.၇၅ ဆင့် ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပြီး ၁၃.၇၁ ဒေါ်လာဖြင့် လည်းကောင်း ရောင်းဝယ်ခဲ့ကြသည်။ ပဲပုတ်ထွက်ကုန်များတွင် မတ်လအတွက် ပဲပုတ်အခွံကြိုပွိုင့် ၁ တန်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၇.၈၀ ဒေါ်လာ ဈေးနှုန်း မြင့်တက်ခဲ့ပြီး ၄၀၈.၃၀ ဒေါ်လာဖြင့်လည်းကောင်း၊ ပဲပုတ်ဆီ ၁ ပေါင်ကြိုပွိုင့်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁.၄၃ ဆင့် ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပြီး ၅၆.၈၅ ဆင့်ဖြင့် လည်းကောင်း အသီးသီး ဈေးနှုန်းများဖြစ်ပေါ်ခဲ့သည်။  

နိုင်ငံခြားငွေရောင်းဝယ်မှုဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာ၏တန်ဖိုးသည် ရောင်းဈေး ၅.၆၃၈၀ ဟဲရာနှင့် ဝယ်ဈေး ၅.၆၃၆၀ ဟဲရာဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြ သည်။ လတ်တလောကာလတွင် အမေရိကန်ဒေါ်လာတန်ဖိုး အတက်အကျပြောင်းလဲမှုများသည် လျင်မြန်စွာဖြစ်ပေါ်လျက် ရှိနေသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil