Brazil

မေလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ ဖြစ်ပေါ်လျက်ရှိ

Last Updated:

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၇၀၉ ဘီလီယံ ဖြစ် ပေါ်လျက်ရှိကြောင်း၊ မေလအတွင်း ကုန်သွယ်မှုတန်ဖိုးသည် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄.၀၇၈ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ၁၁.၃၆၉ ဘီလီယံရှိခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅.၄၄၇ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလ ၁၆ ရက်နေ့ အထိ ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၂၂.၈၉၄ ဘီလီယံရရှိလျက်ရှိကြောင်း စီးပွားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံ ခြားကုန်သွယ်မှုဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်သွယ်မှုဆိုင်ရာအချက်အလက်များကို လစဉ် ၁၅ ရက်နေ့တွင် ပုံမှန်ထုတ်ပြန်ခဲ့သော်လည်း ပြည်ပကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို အသေးစိတ်သုတေသနပြုလုပ်ခဲ့သဖြင့် မေလတွင် ၁၈ ရက်နေ့မှသာ ထုတ်ပြန်နိုင်ခဲ့သည်။ မေလ ပထမအပတ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇.၆၁၅ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄၀၁ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂၁၃ ဘီလီယံရရှိခဲ့ ကြောင်း၊ မေလ ဒုတိယအပတ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆.၄၆၁ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၉၆၇ ဘီလီယံရှိခဲ့ သဖြင့် ကုန်သွယ်မှုပိုငွေ ၄၉၅.၇ ဘီလီယံရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် မေလ၏ ပထမနှစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှပို့ကုန်တန်ဖိုးသည် ၂၀၂၁ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၂.၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ ကြောင်း၊ မေလ ပို့ကုန်တိုးတက်မှုတွင် လယ်ယာပို့ကုန်ကဏ္ဍ၌ ၂.၈ ရာခိုင်နှုန်းနှင့် စက်မှုထုတ်ကုန်ကဏ္ဍတွင် ၂၂.၆၈ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး သွင်းကုန်တိုးတက်မှုသည် ၂၀၂၁ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်ပါက ၃၅.၂ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း၊ ၎င်းတို့တွင် လယ်ယာကဏ္ဍတွင်း ၁၀.၃၄ ရာခိုင်နှုန်းနှင့် စက်မှုထုတ်ကုန်ကဏ္ဍတွင် ၃၄.၀၆ ရာခိုင်နှုန်းတို့ အသီးသီးတိုးတက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)
သတင်းရင်းမြစ် - canalrural.com.br

 

Category: Brazil