Belgium

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်ကျင်းပမည့် World Expo 2020 တွင် ပါဝင်ပြသသွားမည့် လူဇင်ဘတ်နိုင်ငံ

Last Updated:

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ကျင်းပမည့် World Expo 2020 တွင် လူဇင်ဘတ်နိုင်ငံက ပါဝင်ပြသသွားမည်ဖြစ် ကြောင်း သိရပါသည်။ "Connecting Minds, Creating the Future" ခေါင်းစဉ်ဖြင့် ကျင်းပသည့် ယင်းပြပွဲတွင် ကမ္ဘာ့နိုင်ငံအများအပြား ပါဝင်ပြသမည်ဖြစ်ပြီး၊ လူဇင်ဘတ်နိုင်ငံက “"Resourceful Luxembourg" ဟူသည့် Theme ဖြင့် ပြခန်းဆောင်ပါဝင်ပြသသွားမည် ဖြစ်ပါသည်။

လူဇင်ဘတ်နိုင်ငံ၏ ပြခန်းဆောင်တွင် စွမ်းဆောင်နိုင်စွမ်းနှင့် ကြံရည်ဖန်ရည်ပြည့်ဝမှု (Resourcefulness)၊ ဆန်းသစ်တီထွင်မှုစိတ်ဓါတ် (Innovation Spirit) နှင့် Circularity ဆိုင်ရာ လူဇင်ဘတ်နိုင်ငံ၏ အချက်အလက်များကို အလေးထားပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ World Expo2020တွင်လူဇင်ဘတ်နိုင်ငံ၏ ပါဝင်ပြသမှုဆိုင်ရာ သတင်းအချက်အလက်များအား https://www.luxembourgexpo2020dubai.lu/ en/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

Expo 2020 Dubai ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားမှုအရ အဆိုပါပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၂) နိုင်ငံခန့်မှ ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့ အပါအဝင် ဥရောပနိုင်ငံများကလည်း ပါဝင်ပြသမည်ဖြစ်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံ၏ပြခန်းဆောင် (Myanmar Pavilion) ပါဝင်ပြသထားမှုကိုလည်း ယင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ World Expo 2020 ဆိုင်ရာ အချက်အလက်များကို https://www.expo2020dubai.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   (https://chronicle.lu/https://www.expo2020dubai.com/)

Category: Belgium