Brazil

ရာသီဥတုဖောက်ပြန်မှုများကြောင့် အာဂျင်တီးနားနိုင်ငံတွင် ပဲပုတ်စေ့စိုက်ခင်းများ ထိခိုက်ပျက်ဆီးလျက်ရှိ

Last Updated:

ယခုအပတ်တွင်း အာဂျင်တီးနားနိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးမှုသည် စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၉၉.၇ ရာခိုင်နှုန်းအထိပြီးစီးနိုင်ပြီး စုစုပေါင်း သီးနှံစိုက်ပျိုးမြေဟက်တာ ၁၆.၃ သန်းရှိနိုင်ကြောင်း Buenos Aires Cereal Exchange ၏ အစီရင်ခံစာတွင်ဖော်ပြခဲ့သည်။

ဆီထွက်သီးနှံများစိုက်ပျိုးထားသည့် စိုက်ပျိုးမြေဧရိယာ၏ ၁၈.၁ ရာခိုင်နှုန်းသည် ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ သီးနှံစိုက်ခင်းများသည် ယခင်အပတ်က မိုးခေါင်သည့်ရာသီဥတုဒဏ်ကို ခံစားခဲ့ရပြီး  ယခုအပတ် ဇန်နဝါရီလ ၂၈ ရက်နေ့မတိုင်မီအထိ မိုးများသည်းထန်စွာရွာသွန်းလျက်ရှိနေသဖြင့် မိုးများမှုများဖြစ်ပေါ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဂျင်တီးနားနိုင်ငံ၊ Córdoba တောင်ပိုင်းတွင် မိုးများလျက်ရှိနေပြီး Buenos Aires အနောက်ပိုင်းတွင် ဆီးနှင်းများကျရောက်လျက် ရှိနေသဖြင့် ပဲပုတ်စေ့စိုက်ခင်းဧရိယာ၏ ၆.၃ ရာခိုင်နှုန်းအား ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ယခင်က ခန့်မှန်းထားသည့် ပဲပုတ်စေ့အထွက်ပမာဏအောက် လျှော့ကျနိုင်ရန် ခန့်မှန်းထားကြောင်း Argentine stock exchange ၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

အာဂျင်တီးနားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရာသီဥတုဖောက်ပြန်မှုအခြေအနေများကြောင့် ပဲပုတ်စေ့စိုက်ခင်းဧရိယာစုစုပေါင်း၏ ၃၅.၉ ရာခိုင်နှုန်းသည် ခြောက်သွေ့သည့် ရာသီဥတုဒဏ်ခံစားရလျက်ရှိနေပြီး ၅၂.၂ ရာခိုင်နှုန်းသည် မိုးများသည့်အခြေအနေနှင့် ကြုံတွေ့ရ လျက်ရှိကြောင်း၊ ၁၉ ရာခိုင်နှုန်းသည် ပုံမှန်ရာသီဥတုရရှိသည့် အခြေအနေအောက်တွင်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil