Australia

လစ်သီယံစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ဩစတြေးလျနိုင်ငံရှိ အမေရိကန် ဓာတု ကုမ္ပဏီကြီးက လုပ်ငန်းချဲ့ထွင်လိုက်ခြင်း

Last Updated:

လစ်သီယံစျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်ဓာတုဗေဒပစ္စည်းကုမ္ပဏီ Albemarle သည် ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၏ တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် ၎င်း၏ သန့်စင်ရေးစက်ရုံကြီးကို တိုးချဲ့ရန်စဉ်းစားနေပြီး၊ ခုတင် ၁,၀၀၀ ဆံ့ အလုပ်သမားကျေးရွာတည်ဆောက်ရန် အစီအစဉ်များချမှတ်ထားကြောင်း သိရှိရသည်။

လစ်သီယံစျေးနှုန်းများ မြင့်တက်လာခြင်းသည် Kemerton လစ်သီယံသန့်စင်စက်ရုံတွင် အလားအလာရှိသောတိုးချဲ့မှုကို လှုံ့ဆော်ပေးပါသည်။ တိုးချဲ့ မှုတစ်ခုအတွက် နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိစဉ်အတွင်း အနီးနားရှိ Binningup မြို့ရှိ အလုပ်သမားကျေးရွာ အတွက် အစီအစဉ်များကို ကြေညာထားခြင်းဖြစ်သည်။

Kemerton အခြေစိုက် ရေနံချက်စက်ရုံသည် မူလက နှစ်စဉ် လစ်သီယံဟိုက်ဒရောဆိုဒ် တန်ချိန် ၁၀၀,၀၀၀ ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း လစ်သီယံစျေးနှုန်းများ ကျဆင်းသွားပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်မှုခန့်မှန်းချက် ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်။

လစ်သီယမ်ဟိုက်ဒရောဆိုဒ်အတွက် စျေးနှုန်းအညွှန်းကိန်းသည် လွန်ခဲ့သည့်နှစ်ကထက် ၄၀၀% ကျော်တိုးလာသောကြောင့် လုပ်ငန်းတိုးချဲ့ရန် ဆောင် ရွက်လာခြင်းဖြစ်ပြီး၊ လုပ်ငန်းခွင်ဒါရိုက်တာ Daniel O'Shea က ကုမ္ပဏီသည် တတိယနှင့် စတုတ္ထမြောက် ပြုပြင်ထုတ်လုပ်ရေးစက်ရုံများကို တည် ဆောက်ရန် ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် Kemerton စက်ရုံ၏ ပထမအဆင့်ကိုတည်ဆောက်စဉ် ဆောက်လုပ်ရေးလုပ်သားများအတွက် နေရာထိုင်ခင်းရှာဖွေရာတွင် စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရကြောင်းနှင့် အဆိုပါဒေသအတွင်း ကာလတိုမှ ကာလလတ်အတွင်း နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း များအတွက် အနာဂတ်တွင် လုပ်သားအင်အားထားရှိရန် ကုမ္ပဏီက ဖြေရှင်းချက်ကို ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

ကုမ္ပဏီသည် ပြည်တွင်းမြေသယ်ကုမ္ပဏီ B နှင့် J Catalano ထံမှ မြေငှားရမ်းရန်ရှာဖွေနေပြီး၊ လူမှုရေးဆိုင်ရာသက်ရောက်မှု အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ပင်လယ်ကမ်းစပ်နေ ဒေသခံများက စီမံကိန်းမှ ရေရှည်အကျိုးခံစားခွင့်များရရှိမှု သေချာစေရေးအတွက် တွန်းအားပေးနေ ကြပြီး၊ လုပ်သားအများအပြားဝင်ရောက်လာပါက မြို့ကို ထိခိုက်စေမည်ကို စိုးရိမ်ကြောင်း ဖော်ပြကြသည်။ ယခုစီမံကိန်းသည် စီးပွားရေးလုပ်ငန်းနှင့် လူမှုအသိုင်းအဝိုင်း နှစ်ခုလုံးအတွက် အကျိုးအမြတ်ရှိနိုင်သော စီမံကိန်းတစ်ခုဖြစ်ကြောင်း ကုမ္ပဏီဖက်မှ သုံးသပ်ထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)
Source: www.abc.net.au

 

Category: Australia