Australia

အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု တားမြစ်ချက်ကို အရှိန်မြှင့်လိုက်ခြင်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီကြမ်းနှင့် အခြားသန့်စင်ပြီးထုတ်ကုန်များပါ၀င်သည့် ကျယ်ပြန့်သော စားအုန်းဆီတင်ပို့မှု တားမြစ် ချက်ကို စတင်လိုက်ရာ နိုင်ငံတကာဝယ်လက်များကို အံ့အားသင့်သွားစေခဲ့ကြောင်း သိရှိရသည်။

အစောပိုင်းတွင် စီးပွားရေးဝန်ကြီးက တားမြစ်ချက်တွင် သန့်စင်သော၊ အရောင်ချွတ်ထားသောနှင့် အနံ့ချွတ်ထားသော (Refined, Bleached & Deodorized) စားအုန်းဆီ (Palm Olein) များသာ အကျုံးဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့် ၂၇-၄-၂၀၂၂ ရက်နေ့နှောင်းပိုင်းတွင် အံ့အားသင့်စရာ မူဝါဒအပြောင်းအလဲအဖြစ် အင်ဒိုနီးရှားအာဏာပိုင်များက စားအုန်းဆီကြမ်းနှင့် အခြားထုတ်ကုန်များပါဝင်မည်ဟု ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သူဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှု၏ သုံးပုံတစ်ပုံခန့်ကို ထောက်ပံ့ပေး နိုင်သည်။ ယင်းမူဝါဒအပြောင်းအလဲက ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးအပေါ် ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး၊  ကမ္ဘာ့ဒုတိယအကြီးဆုံး ရောင်းချသူ မလေးရှားနိုင်ငံ၏ စားအုန်းဆီအနာဂတ်ကို ၉.၈ % အထိ မြင့်တက်လာစေခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက “ရုရှားနိုင်ငံက အဓိကသီးနှံထုတ်လုပ်သူ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စား နပ်ရိက္ခာဖောင်းပွမှု စံချိန်တင်မြင့်တက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် စားနပ်ရိက္ခာလုံခြုံမှုရှိစေရေးကို လိုလားကြောင်း၊ ပြည်တွင်းဈေး ကွက်တွင် ဟင်းချက်ဆီများပေါများပြီး၊ တတ်နိုင်သည့် အနေအထားဖြစ်လာစေရန် ဤမူဝါဒကို အကောင်အထည်ဖော်ကာ စောင့်ကြည့် အကဲဖြတ်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းများအရ ၂၇-၄-၂၀၂၂ ရက်နေ့အထိ အကောက်ခွန်ကြေညာချက် ရယူထားပြီးသည့် ပို့ကုန်လုပ်ငန်းရှင်များ၏ ကုန်စည်များကို တင်ပို့ခွင့်ရှိကြောင်း သိရှိရသည်။ စီးပွားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် ဟင်း ချက်ဆီအမြောက်အများဈေးနှုန်းသည် တစ်လီတာလျှင် အင်ဒိုနီးရှားရူပီး ၁၄,၀၀၀ (ဒေါ်လာ ၁.၃၅) သို့ ကျဆင်းသွားသောအခါ တားမြစ် ချက်ကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိပေါက်ဈေးမှာ တစ်လီတာလျှင် ၁.၇၅ ဒေါ်လာမှ ၁.၉၃ ဒေါ်လာခန့် ရှိသည်။

တင်ပို့မှုတားမြစ်ချက်ကို လိုက်နာရန် အင်ဒိုနီးရှားက သရုပ်ပြလိုက်သည့်အနေဖြင့် အဆိုပါစီမံဆောင်ရွက်ချက် စတင်မသက်ဝင်မီ တစ်ရက်အလိုတွင် စာရွက်စာတမ်းကွဲလွဲမှုများကြောင့် စားဆီအုန်းဆီကြမ်း၊ စားအုန်းဆီ (palm olein) နှင့် မီသနောတို့ တင်ဆောင်လာ သည့် ဆီတင်သင်္ဘောနှစ်စင်းကို အင်ဒိုနီးရှားရေတပ်က သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

နှစ်စီးအနက် တစ်စီးဖြစ်သည့် MT Annabelle ဆီတင်သင်္ဘောသည် စားအုန်းဆီကြမ်း ၁၃,၃၅၇.၄ တန်နှင့် မီသနော (၉၈) စည်တို့နှင့် အတူ ယူအေအီးနိုင်ငံရှိ Shajrah သို့ ပို့ဆောင်ရန် တင်ဆောင်ထားခဲ့ကြောင်းနှင့် အခြားသင်္ဘောဖြစ်သည့် MT World Progress သည် စားအုန်းဆီ (palm olein)  ၃၄,၈၅၄.၃ တန်တင်ဆောင်ကာ အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စားအုန်းဆီတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး၊ လစဉ်စားသုံးသော တန်ချိန် ၇၀၀,၀၀၀ ၏ ထက်ဝက်နီး ပါးမှာ အင်ဒိုနီးရှားကို မှီခိုနေရလျက်ရှိသည်။ အင်ဒိုနီးရှားစားအုန်းဆီ တန်ချိန် ၃ သောင်းခန့် လစဉ်ဝယ်ယူနေသည့် Gemini Edibles & Fats India ၏ မန်နေဂျင်းဒါရိုက်တာ Pradeep Chowdhry က တန်ချိန် ၁၆,၀၀၀ တင်ဆောင်ထားသည့် ၎င်းတို့သင်္ဘောသည် အင်ဒိုနီး ရှားနိုင်ငံ၊ Kumai ဆိပ်ကမ်းမှာ ပိတ်မိနေကြောင်း ပြောကြားခဲ့သည်။

စားအုန်းဆီဝယ်ယူသူများသည် ယခုအချိန်တွင် မလေးရှားနိုင်ငံမှ အလျင်စလို ဝယ်ယူနေကြသော်လည်း မလေးရှားနိုင်ငံသည် ဝယ်လို အားကို မဖြည့်နိုင်တော့ကြောင်း အိန္ဒိယနိုင်ငံ၊ ဟင်းသီးဟင်းရွက်ဆီပွဲစားနှင့် အတိုင်ပင်ခံကုမ္ပဏီ Sunvin Group ၏ အမှုဆောင်အရာရှိ ချုပ် Sandeep Bajoria က ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: Australia